Chapter (492)"သက်ပြင်း ၃ ကြိမ်ချခြင်း"

243 23 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter (492)

“သက်ပြင်း ၃ ကြိမ်ချခြင်း”

ရဲရှောင်၏ မျက်လုံးများသည် နောက်ဆုံးတွင်မူ ပြန်ပွင့်လာခဲ့ချေပြီ။ ထို့နောက် လင်းဝုရှဲ့အား အတန်ကြာ စိုက်ကြည့်နေပြီးမှ သက်ပြင်းတစ်ချက် ချလိုက်ကာ -

“ဒီနေ့ . . . ဒီက နောင်ကြီးလင်းကြောင့် ကျုပ်ဘက်က အလျော့ပေးလိုက်ပါ့မယ်။ တခြားတစ်ယောက်သာ ဆိုရင်တော့ ကျုပ်ဘက်က စကားတစ်ခွန်းမှ ဟတော့မှာ မဟုတ်ဘူး . . .”

“ခင်ဗျားဘက်က ကျုပ်ကို လိုက်လျောမှုတွေ ရှိလာတယ်ဆိုမှတော့ မိနစ်အနည်းငယ်လောက် စကားဆက်ပြောကြည့်ကြတာပေါ့။ ဒါပေမယ့် တစ်ခါတည်း ရှင်းအောင် ပြောထားပါရစေ၊ ဘယ်လိုအခြေအနေ မျိုးပဲဖြစ်ဖြစ် ကျုပ်သာလျှင် ဆုံးဖြတ်ချက်ချရမယ့် လူပဲ ဖြစ်ရမယ် . . .”

လင်းဝုရှဲ့ ခေါင်းညိတ်လျက် -

“သေချာတာပေါ့ဗျာ . . .”

ဝမ်အာနှင့် ချူးအာတို့လည်း ဝမ်းသာသွားကြသည်။ နောက်ဆုံးတွင် မျှော်လင့်ချက် ရောင်ခြည် သန်းလာပြီ မဟုတ်ပါလား။

သူတို့အားလုံးသည် ချွေးစေးများ ပြန်လျက် ရှိနေကြသည်။ ဝမ်အာ၏ စကားလုံး အနည်းငယ်ကြောင့် ယခုလောက်ထိ အခြေအနေ ဆိုးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိကြချေ။ အရာအားလုံး သဲထဲရေသွန် ဖြစ်လုမတတ်ပင် ဖြစ်ခဲ့ရသည်။

အမှန်တကယ်သာ ထိုသို့ ဖြစ်သွားလျှင် သူမတို့၏ ဆရာဖြစ်သူ၏ ဘဝအား ဖျက်ဆီးလိုက်သော သူများမှာ သူမတို့ ကိုယ်တိုင်ပင် ဖြစ်သွားကြပေလိမ့်မည်။

ခွင့်မလွှတ်နိုင်လောက်သည့် အမှားမျိုးဟုပင် ဆိုရမည် ဖြစ်၏။ အကြိမ်တစ်ထောင်လောက် သေဒဏ်ကျခံ အပြစ်ပေးခံရလျှင်ပင် သူမတို့အဖို့ နောင်တရ၍ ဆုံးမည် မဟုတ်ပေ။

လင်းဝုရှဲ့သည် တတ်နိုင်သမျှ အရာအားလုံးကို လိုက်လျောမှု ပြုခဲ့သည်။ လင်းဝုရှဲ့ စကားကျွံမည် စိုးသဖြင့် တားဆီးချင်နေမိကြသည့်တိုင် မတားဆီးချင်ကြတော့ပေ။ လင်းဝုရှဲ့သည် ပေါ့ပေါ့ပါးပါးဖြင့် အလေးအနက်မရှိသည့် လူတစ်ဦးကဲ့သို့ နေတတ်သည့်တိုင် ဖန်ဇီလင်ကိုမူ ပြန်လည် စိတ်လည်လာအောင် လုပ်နိုင်ခဲ့သည်။ ဝမ်အာတို့ မည်မျှအထိ အရည်အချင်းရှိသည်ဟုဆိုဆို လင်းဝုရှဲ့လိုကဲ့သို့ စကားကြွယ်မည် မဟုတ်ကြပေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now