Chapter (735)"နှစ်မြှပ်၍ကျင့်ကြံခြင်း"

194 22 0
                                    

Chapter (735) (စာစဉ် ၅၃- အပိုင်း၇)

“နှစ်မြှပ်၍ကျင့်ကြံခြင်း”

စစ်သူကြီးများအားလုံး၏ စိတ်ထဲတွင် ကံကောင်းသည်ဟု ခံစားမိနေကြသည်။

(စစ်သူကြီးရဲရှောင်က တကယ့်ကို ထူးချွန်တဲ့ လူပဲ။ ဘယ်လောက် ကံကောင်းလိုက်သလဲ။ သူသာ သူများတွေ ပြောသလို လူရှုပ်လူပွေ ကောင်လေးဆိုရင် သူ့အဖေ အရှိန်အဝါနဲ့ဆို ပိုပြီးတောင် ဆိုးသွားနိုင်တယ် . . .)

ထိုအချက်သည် မှန်ပေသည်။

ရဲနန်ရှန်သည် သူရဲကောင်းတစ်ဦး ဖြစ်သည့်အလျောက် အသည်းနှလုံးမာလှသော်လည်း သူ၏ သားဖြစ်သူ ရဲရှောင်အပေါ်တွင် လွန်စွာ ချစ်မြတ်နိုးသည်။

ရဲရှောင်သည် မြို့ထဲတွင် လူရှုပ်လူပွေလေး သုံးဦး၏ ခေါင်းဆောင်အဖြစ် နေခဲ့သော်လည်း ရဲနန်ရှန်မှာ ဆုံးမပဲ့ပင်ခဲ့ခြင်း မရှိပေ။

ရဲနန်ရှန်၏ စိတ်ထဲတွင် သူ၏ မိန်းမအပေါ်၌ အပြစ်လုပ်မိသလို ခံစားခဲ့ရသည်။ သားဖြစ်သူကို သူ၏ အသက်ထက်ပင် ပို၍ ချစ်မြတ်နိုးသည်။

အဘယ့်ကြောင့်ဆိုသော် ထိုသားမှာ သူအချစ်ဆုံး မိန်းမမှ မွေးထားပေးသော သားပင် မဟုတ်ပါလား။

မိန်းမဖြစ်သူအတွက် ဝမ်းနည်းနေမိသဖြင့် သားဖြစ်သူအပေါ်တွင် ပို၍ အလိုလိုက်ကာ ချစ်ခင်ပေးနေခြင်း ဖြစ်သည်။

သူ၏သား မည်သို့ ဆိုးသွမ်းနေပါစေ သူဂရုမစိုက်ပေ။ ထို့ကြောင့် သားဖြစ်သူမှာ ရဲနန်ရှန်အတွက် အကြီးမားဆုံး အားနည်းချက်တစ်ခုပင် ဖြစ်ခဲ့သည်။

ရဲရှောင်သာ ရှောင်ဧကရာဇ်၏ ဝင်စားခြင်းကို မခံခဲ့ရလျှင် သေချာပေါက်ပင် လူရှုပ်လူပွေ၊ လူယုတ်မာတစ်ဦး ဖြစ်သွားပေလိမ့်မည်။

တိတိပပဆိုရလျှင် ရှောင်ဧကရာဇ်သာ ဝင်စားခဲ့ခြင်း မရှိခဲ့ပါက ရဲရှောင် သေနှင့်သည်မှာ ကြာလှချေပြီ။

ရဲရှောင် သေပြီးအခါ ချန်နိုင်ငံတော်လည်း ပြိုကွဲသွားပေလိမ့်မည်။ မော်တယ်ကမ္ဘာကြီးတစ်ခုလုံးပင် ပျက်စီးသွားနိုင်ပေသည်။ ရဲနန်ရှန်သည် ယခုကမ္ဘာ၏ ကန့်သတ်ချက်ထက် စွမ်းအင်များစွာ ကျော်လွန်နေသူ တစ်ဦးဖြစ်၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWaar verhalen tot leven komen. Ontdek het nu