Chapter (784)"မင်းအတွက် အသေခံပေးမယ်"

189 13 0
                                    

Chapter (784)(စာစဉ်၅၆- အပိုင်း၁၂)

“မင်းအတွက် အသေခံပေးမယ်”

ရဲရှောင်တို့နှစ်ဦး စကားဖောင်ဖွဲ့ရင်း ခရီးဆက်လာခဲ့ သည်။

ပတ်ဝန်းကျင်တစ်ခွင်လုံး စကားပြောသံမှအပ အခြား အသံ မကြားရ။

ထိုစဉ်မှာပင် -

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ကိုင်းပင်များလည်း ဘယ်ညာ ယိမ်းနွဲ့ကုန်ကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံးလည်း အေးစက်သွားသည်။

အဘယ့်ကြောင့် ထိုသို့ ရုတ်ချည်း ပြောင်းလဲသွားပါ  သနည်း။

တောက်ပနေသော ဓားအလင်းတန်းကြောင့်ပင်။

စင်စစ် လုပ်ကြံသတ်ဖြတ်မှု တစ်ခု ထပ်မံ ရောက်လာ ခြင်းဖြစ်သည်။

ယခုလူမှာ ယခင်လူများထက် အစွမ်းပိုထက်သည်မှာ သိသာလှသည်။

ဓားမှ အလင်းတန်းသည် အဝေးမှ သက်ရောက်လာ ခြင်း ဖြစ်သော်လည်း ထိုနေရာတစ်ဝိုက်ကိုပင် လေပြင်း တိုက်ခတ် သွားစေခဲ့သည် မဟုတ်ပါလား။

ရန်သူမှာ လူနှင့်ဓား ရောထွေး၍ လူအုပ်ကြီး ရှိရာသို့ ဦးတည်လာခဲ့သော်လည်း စူးရှသော ဓားအလင်းတန်း ကြောင့် ရန်သူကိုမူ မမြင်ရ။

“ဘုန်း . . .”

ဓားအလင်းတန်း လူအုပ်ကို ထိမှန်သွားပြီ။

သွေးများ ဖွားခနဲပင် ပန်းထွက်ကုန်ပြီး အားလုံး ညီး ညူအော်ဟစ်၍ မြေပေါ် လဲကျကုန်သည်။

အနည်းဆုံး လူသုံးဆယ်ဦးခန့် တိုက်ခိုက်ခံလိုက်ရခြင်း ပင်။

သို့သော် ဓားအလင်းတန်းမှာ မရပ်တန့်သေး။

ရှောင်မူဖေ့နှင့် ရဲရှောင် ရှိရာသို့ ဆက်၍ တိုးဝင်သွား သည်။

ပွဲသိမ်း တိုက်ခိုက်မှု ပြုတော့မည်လော။

ဓားအလင်းတန်း သက်ရောက်လာချိန် ရှေ့ရှိ လူတစ် ရာကျော်က ချက်ချင်းပင် ၎င်းတို့၏ ဓားများကို ထုတ်၍ ခုခံ ရန် ကြိုးစားခဲ့ပါသေးသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now