Chapter (495)"ရွှေဝိညာဉ်မျှော်စင်"

232 18 0
                                    

Chapter (495)

“ရွှေဝိညာဉ်မျှော်စင်”

လင်းဝုရှဲ့အဖို့ အခံရအခက်ဆုံးမှာ ထိုကဲ့သို့ ရတနာအား ဖန်ဧကရာဇ်သို့ ပေးမည်ဆိုလျှင်ပင် လက်ဆောင်အဖြစ်ပေး၍ ကျေးဇူးတင်ခံရမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖန်ဧကရာဇ်ဘက်မှ ပြောလာမည့် စကားများအား ကြိုတင်၍ သိနေသောကြောင့် ဖြစ်သည်။

“ကျုပ်က လိုချင်လို့ တောင်းတာ မဟုတ်ဘူးနော်၊ အဲဒီတော့ ခင်ဗျားလည်း ပြန်ယူဖို့ မစဉ်းစားနဲ့။ ခင်ဗျားဆီမှာ ကျုပ်အနေနဲ့ ဘာမှအကြွေးတင်နေတာ မရှိဘူး။ ခင်ဗျားကတော့ ကျုပ်အကူအညီကို ယူတဲ့ အတွက် အကြွေးတင်နေတယ်လို့ ပြောလို့ရတယ်။ ခင်ဗျားအနေနဲ့ ကျေးဇူးဆပ်ရမယ် ဆိုတဲ့ စကားလုံးကို တောင် မသိဘူးလား . . .”

ဖန်ဧကရာဇ်ဘက်မှ ထိုသို့ သေချာပေါက် ပြောမည်သာ ဖြစ်သည်။

လင်းဝုရှဲ့သည် ဖန်ဧကရာဇ်အကြောင်း သိတာမကြာသေးလှသည့်တိုင် ဖန်ဧကရာဇ်၏ ဉာဏ်များ ကောက်ကျစ်လှသည့် အကြောင်းကို ကောင်းစွာ ရိပ်စားမိနေပြီ ဖြစ်သည်။

ထိုသို့ ဖန်ဧကရာဇ်မှ သူတို့အားလုံးအပေါ် တစ်ပတ်လှည့်နေသည့်အကြောင်းအား စဉ်းစားမိကြသောအခါ အားလုံးသည် သွေးအန်ချင်သလိုပင် ဖြစ်လာကြလေသည်။

လင်းဝုရှဲ့မှ အံကြိတ်လိုက်ရင်း -

“ဖန်ဧကရာဇ် . . . ခင်ဗျားပြောနေတဲ့ ရတနာဆိုတာ ကျုပ်တို့နယ်ပယ်မှတောင် ဘယ်နှစ်ခုပဲ ရှိလဲဆိုတာ သိရဲ့လား . . .”

လင်းဝုရှဲ့၏ ရင်ထဲတွင် နာကျင်နေမိသည်။ ရောက်လာကြသည့် လူ ၃ ယောက်ထဲတွင် သူ့ထံ၌သာ ထိုသို့ ရတနာ ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် ပေးရမည့် လူသည်လည်း သူသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ့အနေဖြင့် ကြီးကြီးမားမား ဆုံးရှုံးသွားရမည မဟုတ်ပါလော။

“မသိဘဲ နေပါ့မလား . . . ရှိတောင်ရှိမယ် မထင်ဘူး။ ဒီလို ပစ္စည်းမျိုး ရှိတယ်ဆိုတာလည်း ကျုပ်ဖြင့် အစကတည်းက မယုံပါဘူး။ ဒါပေမယ့် ကျုပ်ကို မိုးကြိုးပစ်တာကနေ ကာကွယ်ပေးနိုင်တဲ့ အရာတစ်ခုခု မရှိဘူးဆိုရင် ကျုပ်ကလည်း ခင်ဗျားတို့အတွက် ကျုပ်အသက်ကို စတေးပြီး ဆေးမလုပ်ပေးနိုင်ဘူး။ ကျုပ်ကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now