849--850

215 22 0
                                    

Chapter (849)(စာစဉ် ၆၁- အပိုင်း၇)

“ကျေးဇူးက ကျေးဇူး၊ အမုန်းက အမုန်း”

ယခုအခါမှာတော့ ဆေးလုံးများက မျက်လှည့်သဖွယ် ၎င်းတို့ရှေ့ ပေါ်လာ ခဲ့ပါပြီ။

သူတို့ဘဝတွင် ထိုမျှထိ အရည်အသွေးကောင်းသော မူလ အသက်ရှည်ဆေးကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

ထို့ကြောင့် အဘိုးကြီး သုံးဦးလုံး ပါးစပ်အဟောင်းသား အံ့ဩယူ ရသည်က အပြစ်တော့ မဆိုသာ။

ထိုဆေးလုံးများကို ၎င်းတို့၏ မျက်စိနှင့် အတပ် မြင်နေ ရသည့်တိုင် တကယ့် လက်တွေ့ဟုမထင်။

အိပ်မက်ဟုသာ ယုံကြည်နေကြသည်။

ထို့ကြောင့် ၎င်းတို့၏ မျက်လုံးများကို အကြိမ်ကြိမ် ပွတ်သပ်ရင်း ဆေးလုံးများကို ပြူးပြဲကြည့်နေသည်။

နောက်ဆုံးတွင် လဲ့ဒါဒီက တုန်ယင်နေသော လက်များ ဖြင့် ပုလင်းထဲမှ ဆေးလုံးများကို ထုတ်လိုက်သည်။

ထိုအခါ သိပ်သည်းလှသော ဆေးအငွေ့အသက်များက ဖြည်းညှင်းစွာ လွင့်ပျံလာသည်။

ဆေးအခိုးအငွေ့ ရှိသော ဆေးလုံးများဟု ဆိုနိုင်သည်။

(ငါအိပ်မက်များ မက်နေတာလား . . .)

(အိပ်မက်ဆိုရင်တောင် ဒီလို အိပ်မက်မျိုးက အရမ်းကို ခမ်းနားတာပဲ . . .)

ဆေးလုံးများကို ကိုင်ထားသော အဘိုးကြီးများ၏ လက်များက ကတုန်ကယင် ဖြစ်နေကြသည်။

ဆေးလုံးက စုစုပေါင်း ခြောက်လုံး ရှိနေသည်။

ထိုဆေးလုံးများက ၎င်းတို့၏ လက်ထဲတွင် လိမ့်နေကြ ပြီး ဆေးအခိုး အငွေ့များက တလူလူ ထွက်ပေါ်နေသည်။

ခဏအကြာတွင် အခန်းတစ်ခုလုံး ဆေးအခိုးအငွေ့များ ဖြင့် ပြည့်နှက်သွားပါတော့သည်။
. . .

ရဲရှောင်လည်း ဘာမှ မပြောတော့ဘဲ အခန်းထဲမှ တိတ် တဆိတ် ထွက်လာခဲ့လိုက်သည်။

ထိုသို့ ထွက်လာသည်ကလည်း အဘိုးကြီးများ၏ စိတ်ကို သူနားလည်ခြင်းကြောင့်ပင်။

မည်သူမဆို မိမိတို့၏ အားနည်းချက်ကို အခြားလူများ အား မပြချင်၊ မမြင်စေလိုကြပေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now