837--840

224 19 0
                                    

Chapter (837)(စာစဉ် ၆၀- အပိုင်း၉)

“ရဲမျိုးနွယ်စု၏ အငြင်းပွားမှု”

နှစ်နှစ်ဆယ်အတွင်း မူလအိပ်မက် အဆင့်ခြောက်မှ အဆင့်ရှစ်သို့ တိုးတက်ရန်က မလွယ်နိုင်။

သို့သော် ရဲနန်ရှန်ကမူ အဆင့်သုံးမှ အဆင့်ခြောက်သို့ ရောက်ရှိခဲ့သည်။

ထိုသို့ ရောက်ရှိခဲ့သည့် နေရာကလည်း အဆင့်နိမ့် နယ်ပယ်တွင် ဖြစ်နေသည်။

ဤသည်က အံ့ဩဖွယ်ပင်။

ထိုအချက်ကို ရဲနန်ရှန် စဉ်းစားမိလိုက်သောအခါ သားဖြစ်သူအတွက် ဂုဏ်ယူမဆုံး ဖြစ်သွားမိသည်။

သူ၏ ဖုံးကွယ်နေသော ဒဏ်ရာကို သားဖြစ်သူကပင် ကုသပေးခဲ့သည် မဟုတ်ပါလား။

ထို့ပြင် အဆင့်နိမ့် ကမ္ဘာတွင် သူ့ကို တိုးတက်အောင် လည်း  လုပ်ပေးခဲ့ပါသေးသည်။

ထိုမျှနှင့် မကသေး။

အကယ်၍ သားဖြစ်သူ ပေးခဲ့သည့် ကျင့်စဉ်အတိုင်း ဆက်ကျင့် မည်ဆိုပါက နှစ်နှစ်အတွင်းမှာပင် သူမူလတာအို အဆင့်ပညာရှင် တစ်ဦး ဖြစ်သွားနိုင်သည်။

အဘိုးကြီးရဲကမူ အလွန် အံ့ဩသင့်နေသည်။

(မူလအိပ်မက် အဆင့်ရှစ် ဟုတ်လား . . .)

(ဒါကဘယ်လို ဖြစ်နိုင်မှာလဲ . . .)

အသိမှတ် ပြုမခံရသော သူ၏ သားက တုန်လှုပ်ဖို့ ကောင်းအောင်ပင် လုပ်ပြနိုင်ခဲ့သည်။

“မင်းရဲ့ ဒဏ်ရာကိုရော ကုပြီးပြီလား . . .”

အဘိုးကြီးရဲက မေးလိုက်သည်။

“ငါမင်းကို ပေးလိုက်တဲ့ ဆေးတွေက အလုပ်ဖြစ်တယ် ပေါ့ . . .”

ထိုစကားကို ကြားလိုက်ရ၍ ရဲနန်ရှန်၏ ရင်ထဲ နွေးကနဲ ဖြစ်သွားသည်။

(ဆေးတွေ . . .)

(ဒါကငါ့အဖေ ပေးလိုက်တဲ့ ဆေးတွေပဲ . . .)

(ငါ့ကို ဆေးတွေ ပေးနေတာ ငါ့အဖေပါလား . . .)

မော်တယ်ကမ္ဘာမှာ ရှိတုန်းက နှစ်စဉ်နှစ်တိုင်း ပစ္စည်း နှစ်ခုကို သူလက်ခံ ရရှိခဲ့သည်။

တစ်ခုက သူ့အတွက် သူ့အမေ ကြိုးစား ရှာဖွေပေး ထားသော ပစ္စည်းများပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now