Chapter (491)"လိုက်လျောနိုင်သမျှ လိုက်လျောခြင်း"

331 24 0
                                    

Chapter (491)

“လိုက်လျောနိုင်သမျှ လိုက်လျောခြင်း”

ထိုသို့ဖြင့် ဖန်ဇီလင်သည် သူပြောသင့် ပြောထိုက်သည်များကို ပြောပြီးသည်နှင့် မျက်လုံးများမှိတ်ကာ နှုတ်ဆိတ်သွားလေသည်။

မကြာမီ အိပ်မောကျတော့မည့် ပုံစံနှင့်ပင် တူနေပါသေးသည်။

ဝမ်အာ၊ ချူးအာနှင့် လင်းဝုရှဲ့တို့သည် ဖန်ဇီလင်အား လက်တစ်ဖက် ဝေ့ယမ်းရုံဖြင့်ပင် တစ်စစီ ဖြစ်အောင် လုပ်နိုင်ကြသူများ ဖြစ်ကြသည်။ သို့သော် ဖန်ဇီလင်သည် ခုံတစ်ခုံတွင် မှီထိုင်ရင်း မျက်လုံးများ မှိတ်ထားလျက် အေးအေးဆေးဆေး ရှိနေခဲ့သည်။ မည်သူ့ကိုမျှ ဂရုမစိုက်သည့် ဟန်မျိုးဖြင့် နေနေခြင်း ဖြစ်ပေသည်။

အဘယ်ကြောင့် မနေနိုင်အံ့နည်း . . .

(မင်းတို့ငါ့ကို သတ်ရဲရင် သတ်လိုက်စမ်း၊ ထိရဲရင် ထိလိုက်စမ်းပါ . . .)

နှုတ်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း သူ၏ အမူအရာမှာ သိသာလှသည်။ ထိုသို့ သိသာလှသည့် အမူအယာကို ဖုံးကွယ်ရန်လည်း မကြိုးစားပေ။

ဖန်ဇီလင်ဘက်မှ ဘာမျှမပြောတော့သဖြင့် လင်းဝုရှဲ့နှင့် မိန်းကလေး ၂ ဦးတို့သည်လည်း ဆွံ့အလျက် ဘာလုပ်ကြရမှန်းပင် မသိကြတော့ပေ။ စိတ်ထဲတွင်မူ ဖန်ဇီလင်အား အကြိမ်ပေါင်းများစွာ သတ်ဖြတ်ပြီးနေပြီ ဖြစ်သည်။

(ငါ့ရှေ့ဒူးထောက်လာတဲ့အထိ လုပ်ပစ်လိုက်ချင်တယ်။ အဲဒီအခါကျမှ ဘယ်လောက်ထိ ခေါင်းမာနိုင်မလဲ ကြည့်ရသေးတာပေါ့ . . .)

သို့သော် သူတို့သည် ထိုသို့ မလုပ်ဝံ့ကြပေ။ မလုပ်နိုင်ကြချေ။

ဖန်ဇီလင်သည် သေရမည်ကို ကြောက်သည့် လူမျိုး မဟုတ်ဘဲ အသက်သာ အသေခံမည် ဘယ်သောအခါမျှ အရှုံးပေး ဒူးထောက်မည့် လူမျိုး မဟုတ်ပေ။ အကယ်၍ ဖန်ဇီလင်သာ သေသွားမည် ဆိုပါက သူတို့လည်း ဘာမျှ တတ်နိုင်တော့မည် မဟုတ်ဘဲ နှစ်ဖက်လုံးအတွက် အကျိုးယုတ်စေမည်သာ ဖြစ်သည်။

ဖန်ဇီလင်သည် သေရမည်ကို မကြောက်သော လူတစ်ဦးဖြစ်ကြောင်း ကောင်းကောင်းကြီး လှစ်ဟပြခဲ့ပြီးချေပြီ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now