Chapter (748)"ပိုလာရေခဲမြစ်"

200 18 0
                                    

#ဇာတ်ရှိန်အတက်ဆုံးအပိုင်းတွေစရောက်ပါပြီ
Chapter (748)(စာစဉ် ၅၄- အပိုင်း၄)

“ပိုလာရေခဲမြစ်”

ရဲရှောင် ပျောက်ကွယ်သွားပြီးနောက် တိမ်တိုက်များမှာ အောက်သို့ ပို၍ နိမ့်လာကာ မိုးကြိုးလျှပ်စီးများ ပစ်ချလိုက် ပြန်သည်။

ထိုမိုးကြိုးများမှာ နင်ဘီလျူတို့ထံသို့  ထိမှန်သွားပြီး နောက် သူတို့သည်လည်း ပျောက်ကွယ် သွားကြပါတော့သည်။
. . .

ရဲရှောင်တို့ ရှိနေခဲ့ကြသည့် တောင်၏ တစ်ဖက် ခြမ်းတွင် အခြားတောင်တစ်လုံး ရှိနေပြန်သည်။

ထိုတောင် ပေါ်တွင် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ မျက်နှာ ကို ပိုးသားပဝါဖြင့် အုပ်ထားသော တစ်စုံတစ်ယောက် သည် ရဲရှောင်ရှိရာဘက်သို့ လှမ်း၍ ကြည့်နေခဲ့သည်။

“ရှင်အခုသွားပြီပေါ့။ ရှင်က မော်တယ်ကမ္ဘာနဲ့ ပတ် သက်ရင် ဘာခံစားချက်မှ မရှိဘူးဆိုတာကို ကျွန်မ သိပါ တယ်။ ဒါပေမယ့် ရှင်ဒီလောက်ထိ မြန်မြန်ဆန်ဆန် ထွက် ခွာသွားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး။ လမ်း‌ ကြောင်းပိတ်ဖို့က လိုပါသေးတယ် အဲဒါတောင်မှ ရှင်က ချက်ချင်းကို ထွက်သွားခဲ့တယ်နော် . . .”

ဝရမ်ချူးချူး သက်ပြင်းချရင်း ရေရွတ်လိုက်၏။

. . .

“ရှောင်ရှောင်လည်း သွားပြီဆိုတော့ ငါတို့လည်း သွား ကြတာပေါ့ . . .”

ရဲနန်ရှန်လည်း သားဖြစ်သူ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ကွက်လပ်ကြီးတစ်ခု ဖြစ်သွား သည့်အလား ဟာတာတာပင် ဖြစ်သွားခဲ့ရသည်။

မော်တယ်ကမ္ဘာတွင် သူရှိနေခဲ့ရသည့် တစ်ခုတည်း သော ရည်ရွယ်ချက်မှာ သားဖြစ်သူကြောင့်သာ ဖြစ်၏။

ယခုတွင်မူ သားဖြစ်သူမှာ ချင်းရန်နယ်ပယ်သို့ တက်သွားပြီ ဖြစ်သဖြင့် ရဲနန်ရှန်အနေဖြင့် ယခုနေရာတွင် ထပ်ပြီး မနေ လိုတော့ပေ။

ဆောင်ဂျုမှ ခေါင်းညိတ်လိုက်ရင်း -

“ကောင်းပြီ ကျုပ်တို့လည်း ဒီမှာ ကြာကြာနေပြီးပြီ။ ကျုပ်လည်း သွားချင်နေခဲ့တာ ကြာပါပြီ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now