Chapter (497)"အခြေအနေအချို့"

220 22 0
                                    

Chapter (497)

“အခြေအနေအချို့”

ရဲရှောင် မျှော်စင်လေးအား ကြည့်နေလျက်ရှိပြီး အောက်သို့ပင် ပြန်မချတော့ပေ။

“ဪဒါနဲ့ . . . ဒီပစ္စည်းလေးကို ကျုပ်ရဲ့ စိတ်ဝိညာဉ်နဲ့ ဆက်နွယ်မှု ရှိသွားအောင် ဘယ်လိုလုပ်ရတာလဲ။ ခင်ဗျားပြောသလောက် လွယ်မယ်လို့ ကျုပ်တော့ မထင်ဘူး။ အခုလုပ်ကြည့်ကြစို့လေ။ ခင်ဗျားလည်း အလျင်မလိုဘူး မဟုတ်လား။ ခင်ဗျား အလောတကြီး အမူအယာမျိုး ဖြစ်တာတော့ ကျုပ်ဖြင့် မတွေ့မိဘူး . . .”

လင်းဝုရှဲ့မှ အံကြိတ်လိုက်ရင်း -

“ခင်ဗျားလျှာကို ကိုက်လိုက်။ ခင်ဗျားရဲ့ အသက်ဓာတ်ချီနဲ့ သွေးနဲ့ပေါင်းပြီး သွေးစက်ချလိုက်။ သွေးစက်က မျှော်စင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မယ်။ မလွဲစေနဲ့နော်။ ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို သေချာ အာရုံစိုက်ပြီး တသားတည်း ပေါင်းစပ်နိုင်အောင်လုပ် . . .”

ထိုသို့ပြောလိုက်သော်လည်း လင်းဝုရှဲ့၏ စိတ်ထဲတွင်မူ ရဲရှောင် အဆင်မပြေဖြစ်စေရန် မျှော်လင့်နေမိသည်။

(ဒီလူ တလွဲတွေလုပ်ပြီး နာကျင်သွားမှာ မြင်ယောင်မိတယ် . . . သွေးထွက်ရမှာကို ကြောက်ကောင်း ကြောက်လိမ့်မယ် ထင်တာပဲ။ ကောင်းတယ်။ ဒါမှတစ်ခုခုဆို ငါလည်း ငါ့ရဲ့ ရွှေဝိညာဉ်မျှော်စင်ကို ပြန်ယူနိုင်မှာ။ ဒီလိုပစ္စည်းက သူ့လိုလူမျိုးလက်ထဲ ရှိနေတာ တကယ်ကို အလဟဿ ဖြစ်မှာပဲ . . .)

“အသေးစိတ်ကျကျ ပြောပေးတာ တကယ်ကျေးဇူးပါဗျာ။ ကျုပ်အသက်နဲ့လည်း ဆိုင်တယ် မဟုတ်လား။ ကျုပ်အဖို့ ဘာပြဿနာမှ မရှိလောက်ပါဘူး . . .”

ရဲရှောင် ကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။

“ခင်ဗျားပြောတဲ့ အဆင့်တွေက ရှုပ်ထွေးသလို ဖြစ်ပေမယ့် တကယ်တမ်းလုပ်ရင် လွယ်မှာပါ . . .”

ထို့နောက် ရဲရှောင်သည် ပါးစပ်ကို ဟလိုက်ပြီး ချက်ချင်းပြန်ပိတ်လိုက်သည်။ သူ့လျှာကိုသူ ကိုက်ဖြတ်လိုက်ခြင်း ဖြစ်၏။ ထိုအခါ သွေးများ ရေပန်းကဲ့သို့ ပန်းထွက်လာလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now