Chapter (759)"သူတို့ပြောတဲ့ မဟာမိတ်ဆိုတာ"

201 15 0
                                    

Chapter (759)(စာစဉ် ၅၅- အပိုင်း၁)

“သူတို့ပြောတဲ့ မဟာမိတ်ဆိုတာ”

ဒါလုံမှာ နှစ်တစ်သောင်းကျင့်ကြံမှု ဆိုသည့် စကားကို ကြားလိုက်ရသောအခါ အံ့ဩလွန်းသွားသဖြင့် ပါးစပ်အ ဟောင်းသားဖြင့်ပင် ရဲရှောင်အား ငေး၍ ကြည့်နေမိသည်။

“ဒါဆိုရင် ဘာမှ လုပ်စရာမလိုပဲနဲ့ကို နှစ်တစ်သောင်း ကျင့်ကြံမှုနှုန်းမျိုး ရသွားမှာလား . . .”

ရုတ်တရက် သူ၏ စိတ်ထဲတွင် ဝမ်းနည်းသွားသလို လည်း ခံစားလိုက်ရသည်။

လူတစ်ယောက်နှင့်တစ်ယောက် ဘဝအခြေအနေချင်း၊ ကုသိုလ်ကံ အကျိုးပေးချင်း မတူသည်ကို နားမလည်နိုင် အောင် ဖြစ်သွားခဲ့ရသည်။

(ငါ့မှာတော့ အလုပ်တွေ ကြိုးစားလိုက်ရတာ။ ဒါတောင်မှ ငါ့မှာ ရှိတာဆိုလို့ နှစ်ရာချီတဲ့ ကျင့်ကြံမှုနှုန်းပဲ ရှိတယ်။ ငါက ဒီကမ္ဘာမှာဆိုရင် သာမန်အဆင့်ပဲ။ မဆိုး မကောင်းအဆင့်ပေါ့ . . .)

(ဒီကမ္ဘာကို အဆင့်နိမ့်နယ်ပယ်ကနေ အခုမှ ရောက် လာတဲ့ ဒီကောင်လေးကတော့ ကံတရားကြောင့် နှစ်တစ် သောင်း ကျင့်ကြံမှုနှုန်းကို ရသွားခဲ့ပြီပေါ့။ ငါဘယ်လိုများ မနာမလိုဘဲ နေနိုင်ပါ့မလဲ . . .)

“အင်အားစုကြီးသုံးစုက အပြင်ပန်းမှာတော့ ညီနောင် ဂိုဏ်းတွေဆိုတာ မှန်ပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာ တော့ အမြဲတမ်း ပြိုင်ဆိုင်နေကြတယ်။ အားလုံးက အကောင်းဆုံး၊ အသာလွန်ဆုံး ဖြစ်ချင်ကြတယ်။ နောက်ပြီး မလိုချင်တဲ့ အရာဆိုတာလည်း မရှိကြဘူး . . .”

“မင်းမှတ်မိလားတော့ မသိဘူး။ ငါတို့ ဂိုဏ်းက လူ တစ်ချို့ တာဝန်တစ်ခုအတွက်နဲ့ သွားကြရင်း ထူးထူး ဆန်းဆန်း သေဆုံးခဲ့ကြရတယ်လေ။ အများစုက နေရောင် ဂိုဏ်းနဲ့ ကြယ်ရောင်ဂိုဏ်းတို့ လက်ချက်ကြောင့် သေခဲ့ကြ ရတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့တွေရဲ့ လူအချို့ လည်း သေခဲ့ကြရတယ်။ အဲဒါကလည်း ငါတို့ လက်ချက်ပဲ။ တကယ်တမ်းတော့ ငါတို့အားလုံး အမှန်တရားကို သိကြ ပါတယ်။ အရာအားလုံးကို စားပွဲပေါ်မှာပဲ ဖြေရှင်းတာက အချိန်တိုင်းတော့ ကောင်းမနေနိုင်ဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now