Chapter (729)"ဆုံးရှုံးရလေတဲ့ ဒေါသ"

194 20 0
                                    

Chapter (729) (စာစဉ် ၅၃-အပိုင်း ၁)

“ဆုံးရှုံးရလေတဲ့ ဒေါသ”

“ငါတို့ဘက်က အထောက်အပံ့တွေ လုံလောက်အောင်သာ ပေးလိုက်ရင် သူ အဲဒီ‌ ကောင်းကင်မြို့ကို သိမ်းပိုက်နိုင်ပြီး အပြာရောင်လေနိုင်ငံတော်ရဲ့ တစ်ဝက်ကိုပါ သိမ်းပိုက်နိုင်လိမ့်မယ်"

"ဘာလို့လဲဆိုတော့ သူက အရမ်းကိုတော်တဲ့ စစ်သူကြီးတစ်ယောက်။ သူအခု ရရှိခဲ့တဲ့ အောင်မြင်မှုက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေ နိုင်ခဲ့တာကိုပဲ ကြည့်။ ဒါက သူရေးထိုးခဲ့တဲ့ သမိုင်းပဲ။ ဒါပေမယ့် သူရှေ့ကို ဆက်မတက်နိုင်ခဲ့ဘူး။ အခွင့် အရေးကြီး ရနေတာတောင်မှ သူ့မှာ နောက်ဆုတ်ခဲ့ရတယ် . . .”

“ဒင်းတို့တွေက စစ်သည်တွေကို ပေးရမယ့် လစာငွေတွေကို ကိုင်ထားကြတယ်။ စစ်သူကြီးရဲရဲ့ စစ်ပွဲထဲကို ထောက်ပံ့ဖို့အတွက် အစာရေစာတွေနဲ့ လူအင်အားတွေကိုလည်း ထိန်းချုပ်ထားကြတယ်"

"စစ်သူကြီးရဲက အစာရေဆာရော၊ လူအင်အားရော ငါတို့ဆီက ဘာမှမရဘဲ တိုက်ပွဲဝင်ခဲ့ရတယ်။ ငါတို့က ငါတို့ လူတွေရဲ့ အောင်မြင်မှုကို ငါတို့ ကိုယ်တိုင် ဖျက်ဆီးမိလိုက်တာပဲ။ ဒါဒီလူတွေကြောင့် ငါတို့ အခွင့်အရေး တွေ ဆုံးရှုံးခဲ့ကြရတာ . . .”

ထိုကိစ္စမှာ ဘုရင်မင်းမြတ်အဖို့ ခွင့်မလွှတ်နိုင်စရာ ကောင်းသည့် ကိစ္စတစ်ခုပင်။

ချန်နိုင်ငံတော်၏ ဘုရင်မှာ အမြဲလိုလိုပင် တစ်ကမ္ဘာလုံးကို သိမ်းပိုက်စိုးမိုးချင်သူတစ်ယောက် ဖြစ်ခဲ့၏။

ထို့ကြောင့် ယခုကိစ္စမှာ မခံမရပ်နိုင်စရာကောင်းသည့် ကိစ္စတစ်ခုပင် ဖြစ်ခဲ့ချေသည်။

ချန်နိုင်ငံတော်အဖို့ ရန်သူများကို ဖြိုခွဲပြီး တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်မည့် အခွင့်အရေး ရရန် ခြေတစ်လှမ်းခန့်သာ လိုတော့သည့်အချိန်တွင် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ဘုရင်မင်းမြတ်မှာ ထိုကိစ္စကြောင့် ဒေါသအမျက်ချောင်းချောင်းပင် ထွက်နေလျက် ရှိသည်။

ဇုဝူကျီ ပြောခဲ့သည်မှာလည်း အမှန်များသာ ဖြစ်၏။

ရဲရှောင်မှာ နှစ်သိန်းပင် မပြည့်သော စစ်သည်များအား ဦးဆောင်၍ စစ်သည်တစ်သန်းခွဲခန့်ကို ရင်ဆိုင်နိုင်ခဲ့ခြင်းမှာ ကြီးမားသော အောင်မြင်မှုပင် ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now