Chapter (763)"အန္တရာယ်များ"

179 16 0
                                    

Chapter (763)(စာစဉ် ၅၅- အပိုင်း၅)

“အန္တရာယ်များ”

“ခွန်ရှောင် . . .”

“ငါတို့ အသက်ရှင်နေသရွေ့ မင်းလုံခြုံစေရမယ်။ မင်း ကို ထိခိုက်နာကျင်အောင် လုပ်ချင်ရင် ငါတို့ရဲ့ အလောင်း တွေကို ဖြတ်ကျော်သွားမှပဲ ရလိမ့်မယ် . . .”

လူပေါင်း သုံးရာ့ခြောက်ဆယ်တို့သည် အားမာန် အပြည့်ဖြင့်ပင် အော်ဟစ် ကြွေးကြော်လိုက်ကြသည်။

သူ၏ လူများကို ကြည့်ရင်း ရှောင်မူဖေ့တစ်ယောက် အသက်ပြင်းပြင်းရှူသွင်းလိုက်ရင်း အံကိုတင်းတင်းကြိတ် ကာ မျက်ရည်များပင် ဝဲသွားမိသည်။

“သွားကြစို့ . . .”

ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည့်  ရှောင်မူဖေ့၏ အမိန့်ပေးသံအဆုံးတွင် အားလုံးမှာ တွေဝေ တုန့်ဆိုင်းခြင်းအလျဉ်းမရှိတော့ချေ။

တောင်ကုန်းပေါ်မှ ဆင်းလိုက် ကြကာ ထင်းရှူးတောကြီးအတွင်းသို့ ချီတက်ရန် ပြင်ဆင် လိုက်ကြ၏။

အမြဲလိုလို တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေခဲ့သည့် ရဲရှောင်  ပင် ယခုအခါ၌ စိတ်ထိခိုက်သွားရသည်။

ရဲရှောင်လို လူမျိုးပင် စိတ်နှလုံး ထိခိုက်သွားရသည် ဆိုလျှင် ကျန်သောလူများအဖို့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ယခင်ဘဝက ရန်ငြိုးများကြောင့် ထိုလူများကို မည်မျှ မုန်းတီးနေစေကာမူ ၎င်းတို့၏ စိတ်ဓာတ်နှင့် ခံယူ ချက်ကို မြင်တွေ့လိုက်ရသောအခါ အင်အားစုကြီး သုံးစု သည် ချင်းရန်နယ်ပယ်တွင် နှစ်ပေါင်းများစွာ အဓွန့်ရှည် တည်တံ့နေဦးမည် ဖြစ်ကြောင်းကို အသိအမှတ် ပြုမိလိုက် သည်။

ထိုလူများ၏ သစ္စာရှိမှုနှင့် စည်းလုံးမှုမှာ အံ့မခန်းပါပင်။

မော်တယ်ကမ္ဘာတွင် ထိုကဲ့သို့သော အခြေအနေမျိုးကို မည်သည့်အခါမှ မြင်တွေ့ကြရလိမ့်မည် မဟုတ်ချေ။

နှစ်တစ်သောင်းနှင့် အထက်ရှိသော ဂိုဏ်းတစ်ဂိုဏ်း အား ယခုကဲ့သို့ စည်းလုံးတည်တံ့အောင် တည်ထောင် ရန်မှာ လွယ်ကူသည့်အရာ မဟုတ်ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now