811 - 815

220 20 1
                                    

Chapter (811)(စာစဉ် ၅၈- အပိုင်း၁၁)

“နတ်ဘုရားများကပင် မနာလိုခြင်း ခံရသူ”

ကောင်းကင်ဘုံ ရွေးချယ်နည်းက မည်သို့နည်း။

အမှတ်များဖြင့် ရွေးချယ်ခြင်း ဖြစ်သည်။

အမှတ်အားဖြင့် လေးဆယ်ရရှိသူများကို ကျင့်ကြံမှု နည်းစနစ်နှင့် သင့်တော်ရုံ၊ ကိုက်ညီရုံသာ သတ်မှတ်သည်။

အမှတ်ခြောက်ဆယ် ဆိုပါက ပုံမှန်အဆင့်ဖြစ်ပြီး အောင်မြင်မှု ကြီးကြီးမားမားတော့ ရလိမ့်မည် မဟုတ်ပေ။

အမှတ်ခုနှစ်ဆယ်ဆိုလျှင် အောင်မြင်မှု ရရန် အလား အလာ ရှိသည်။

အမှတ်ရှစ်ဆယ်နှင့် အထက်ရှိ ကျင့်ကြံမှု နည်းစနစ် များကမူ ကျင့်ကြံသူအား ကျင့်ကြံမှုနယ်ပယ်တွင် အလွန် တိုးတက်စေမည်သာမက သိုင်းလောက၏ ကန့်သတ်ချက် ကိုပင် ရောက်ရှိသွားနိုင်သည်။

ထို့ကြောင့် ရှစ်ဆယ်နှင့်အထက် ရရှိသူများက ဂိုဏ်း၏ သက်ကြီးပညာရှင်များ သေချာပေါက် ဖြစ်လာလိမ့်မည်။

အမှတ်ကိုးဆယ်နှင့် အထက် ရရှိသူများကတော့ ထိုကျင့်စဉ်နှင့် လုံးဝသင့်တော်သည်ဟု ဆိုနိုင်သည်။

ထိုအမှတ်ရရှိသူများအဖို့ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကိုပင် တက်လှမ်းရန် ကြံရွယ်နိုင်လိမ့်မည်။

အမှတ်ကိုးဆယ်သို့ ရောက်ရှိသော လူဟူ၍ သမိုင်း တစ်လျှောက်လုံးတွင် လူငါးရာပင် မပြည့်။

ထိုလူများထဲတွင် အချို့လူများက အောင်မြင်မှု မရခင် သေဆုံးသွားကြရသည်။

အချို့လူအများစုက ဂိုဏ်း၏ အသက်သွေးကြောများ ဖြစ်သွားကြသည်။
သို့သော် ကိုးဆယ်ဆိုသော ပမာဏက အကောင်း ဆုံးတော့ မဆိုလိုနိုင်သေး။

ကိုးဆယ့်ငါးအထိ ရရှိခဲ့ဖူးသော လူအချို့တော့ ရှိခဲ့ဖူး သည်။

အဆိုပါလူများက ကျင့်စဉ်စနစ်နှင့် လုံးဝ အံဝင်ကွင်ကျ ဖြစ်ခဲ့ကြသည်။

ပြီးပြည့်စုံသော ကျင့်ကြံမှုစနစ်ကို ရရှိသွားသည်ဟု ဆိုရပေမည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားHikayelerin yaşadığı yer. Şimdi keşfedin