Chapter (730)"မြေးသားမက်အတွက် စကားစစ်ထိုးခြင်း"

200 23 0
                                    

Chapter (730) (စာစဉ် ၅၃- အပိုင်း၂)

“မြေးသားမက်အတွက် စကားစစ်ထိုးခြင်း”

“ခင်ဗျား ဘာပြောလိုက်တာလဲ . . .”

အမတ်ချုပ်ကြီးဇုမှာ စိတ်မချမ်းမသာ ဖြစ်သွားကာ ပြောလိုက်သည့် အဖိုးကြီးအား လှမ်းကြည့်လိုက် ရင်း -

“ခင်ဗျားပြောတာက လွန်ခဲ့တဲ့နှစ်တွေကလား။ ခင်ဗျားကို ပြောပြလိုက်မယ်။ ကျုပ်တို့ ဝုကျီရဲ့ ရောဂါကို ကုသနိုင်သွားပြီဗျ။ လင်းပါအိုရဲ့ ဖန်ဧကရာဇ်က သူ့ကို ကောင်းကောင်း ကုပေးလိုက်တာလေ . . .”

ထိုသို့ ပြောရင်းဖြင့် အမတ်ချုပ်ကြီးဇုမှာ ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်၏။

“ခင်ဗျားကို သိအောင် တစ်ခု ထပ်ပြောရဦးမယ်။ ဝုကျီရဲ့ မိန်းမမှာ ကိုယ်ဝန်ရှိနေပြီဗျ။ ကျုပ်ရဲ့ မြစ်ကလေး မကြာခင် မွေးလာတော့မှာ . . .”

“ဘယ်လို . . .”

ကျန်သော အဖိုးကြီးများအားလုံး အံ့ဩသင့်သွားကြသည်။

“အမတ်ချုပ်ကြီး . . . ခင်ဗျား အတည်ပြောနေတာလား . . .”

အမတ်ချုပ်ကြီးဇုမှာ ပြုံးရယ်လိုက်ရင်း -

“ကျုပ် လိမ်ခဲ့ရင် လိပ်အိုကြီး ဖြစ်ပါစေဗျာ . . .”

“အမတ်ချုပ်ကြီးကတော့ လုပ်ပြီ . . .”

ကျန်သော အဖိုးကြီးတစ်ဦးမှ ဝင်ပြောလိုက်၏။

“ကျုပ်တို့ နှစ်ယောက်လုံးက မိတ်ဟောင်းဆွေဟောင်းတွေပါဗျ။ ခင်ဗျားမှတ်မိမယ် ထင်ပါတယ်။ ကျုပ်မှာ မြေးမလေး တစ်ယောက်ရှိတယ်လေ။ သူကတော်တော်လည်း လှတယ်။ သူရဲ့ လှပတဲ့ မျက်လုံးလေး တွေကို ခင်ဗျားကို မြင်စေချင်လိုက်တာ။ ကျုပ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆွေမျိုးတော်ကြရင် မကောင်းဘူးလား . . .”

အခြားအဖိုးကြီးတစ်ဦးမှလည်း ချက်ချင်းပင် -

“အမတ်ချုပ်ကြီး . . . အမတ်ချုပ်ကြီး"

" ခင်ဗျားမြေးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ခင်ဗျား သေချာ ဂရုစိုက် စဉ်းစားသင့်တယ်နော်။ ဝုကျီကို မိန်းမတစ်ယောက် ပေးစားဖို့က အရမ်းဂရုစိုက်ရမယ့် ကိစ္စလေ"

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားHikayelerin yaşadığı yer. Şimdi keşfedin