Chapter (785)"နေရောင်ဂိုဏ်း လက်ချက်"

189 14 0
                                    

Chapter (785)(စာစဉ်၅၆- အပိုင်း၁၃)

“နေရောင်ဂိုဏ်း လက်ချက်”

ရန်သူမှာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မ အောင်မြင်။

အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ရန်သူရှိရာ ပြေး ထွက်သွားသော ရှောင်မူဖေ့၊ သူ၏ ဓားချက်ကို အားကုန် သုံး၍ ခုတ်ပိုင်းချလိုက်သည်။

“ဘုန်း . . .”

ရန်သူမှာ အော်ဟစ်ချိန်ပင် မရလိုက်။

ဓားချက်ကြောင့် ခန္ဓာကိုယ်ရှိ အသားစများမှာ မြေပြင် ပေါ် ပြန့်ကျဲကုန်သည်။

“ရွှစ် . . . ရွှစ် . . . ရွှစ် . . .”

ထပ်မံ ကျရောက်လာသော ဓားချက်များကြောင့် သွေး များ ကောင်းကင်ယံထိတိုင်အောင် ပန်းထွက်သွားသည်။

“ဝုန်း . . .”

ရန်သူ၏ အသက်မဲ့သော ခန္ဓာကိုယ်မှာလည်း မြေပြင် ပေါ် အရုပ်ကြိုးပြတ် ပြုတ်ကျသွားသည်။

ပွဲသိမ်းတိုက်ခိုက်မှုပြီးနောက် ရှောင်မူဖေ့ ရန်သူ၏ အ လောင်းကို လှည့်ပင် မကြည့်တော့။

ဖန်ဒါလုံ ရှိရာထံသာ ပြေးသွားလိုက်သည်။

“ဒါလုံ . . . ဒါလုံ . . .”

“မင်း . . . မင်း . . . မင်းကွာ . . .”

ဖန်ဒါလုံမှာ သွေးအိုင်ထဲတွင် ဒူးထောက်လျက်သား ရှိ နေပြီး မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်နေ သည်။

ရင်ဘတ်တွင်လည်း ဟောင်းလောင်းပေါက်ကြီး ဖြစ်နေ ပြီး အနောက်ကိုပင် အတိုင်းသား မြင်နေရသည်။

လက်နှစ်ဖက်လုံးတွင်မူ လက်ချောင်းများ တစ်ချောင်း မှ မရှိတော့။

“ဆ . . . ဆ . . . ဆရာ . . .”

အသက်ငွေ့ငွေ့သာ ကျန်တော့သည့် ဖန်ဒါလုံ၏ မျက် လုံးများထဲတွင် ရုတ်တရက် အကြောက်တရားများ ဖုံးလွှမ်း သွားသည်။

ဖန်ဒါလုံ အသံဖျော့ဖျော့ဖြင့် -

“ဆ . . . ဆ . . . ဆရာ . . .”

“ကျုပ် . . . ကျုပ် . . . ကျုပ် မသေချင်သေးဘူး . . .”

“ကျုပ် . . . ကျုပ် . . . ကြောက်မိတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now