847--848

221 21 0
                                    

Chapter (847)(စာစဉ် ၆၁- အပိုင်း၅)

“စာအုပ်ကပြောသော သမိုင်းများ”

စာကြည့်တိုက်ထဲတွင် ဖြစ်သည်။
ရဲရှောင် စာအုပ်များကို ဟိုဟိုဒီဒီ ရွေးချယ်နေမိသည်။

သူ့အတွက် အသုံးမဝင်သော စာအုပ်များကို မဖတ်ချင် ပေ။

ထို့ကြောင့် သူဖတ်ချင်သော စာအုပ်များကိုသာ အသေအချာ ရွေးချယ်နေခြင်း ဖြစ်သည်။

စာဖတ်ရသည်ကို ခုံမင်သော ရဲရှောင်အဖို့ စာအုပ်များ ဖတ်နေရသည်ကို ငြီးငွေ့ခြင်း အလျဉ်းမရှိပေ။

ထို့ကြောင့် တစ်ခန်းက စာအုပ်များ ဖတ်ပြီးသည်နှင့် နောက်တစ်ခန်းသို့ ထပ်မံ သွားလိုက်သည်။

စာကြည့်တိုက်ကို စောင့်ကြပ်သော ဂိုဏ်းသားများက ရဲရှောင်ကို စာအုပ်များ ဖွနေသည်ဟာ တွေးနေကြသည်။

တကယ်တမ်းတွင်လည်း ရဲရှောင်မှ ဖွနေသည့် ပုံစံနှင့် တူနေ၍ အပြစ်မဆိုသာပေ။

ထိုလ၏ နှစ်ဆယ့်ကိုးရက် မြောက်နေ့တွင် အဘိုးကြီး သုံးဦး စာကြည့်တိုက်သို့ ရောက်လာကြသည်။

ထိုအချိန် ရဲရှောင်က စာကြည့်တိုက်ထဲတွင် စာအုပ် တစ်အုပ်ကို စိတ်ဝင်တစား ဖတ်နေချိန် ဖြစ်သည်။

သူဖတ်မိသမျှ စာအုပ်များအနက် တန်ဖိုးအရှိဆုံး စာအုပ်ဟု ဆိုနိုင်သည်။

ရဲရှောင်၏ စိတ်အစဉ်ကို နှစ်မျောစေနိုင်သော စာအုပ်၏ နာမည်ကား အဘယ်နည်း။

ဂိုဏ်းကြီး သုံးဂိုဏ်း၏ လျှို့ဝှက်ချက်ဟု အမည်ရသည့် စာအုပ်ပါပင်။

ရဲရှောင်အနေဖြင့် စာကြည့်တိုက်ရှိ ဖတ်သင့်သည့် စာအုပ်မှန်သမျှကို ဖတ်ပြီးနောက် အရေးကြီးသည့် အရာ တစ်ခုကို သဘောပေါက်သွားသည်။

ထို့ကြောင့် ယခုစာအုပ်ကို အသေအချာ ဖတ်ကြည့် လိုက်ခြင်း ဖြစ်သည်။

“ဒီမှာ ရေးထားတာတော့ ဘုရင်က အလင်းတန်း သုံးခု ဆုံစည်းတဲ့ အချိန်မှာ ဆင်းသက်လာခဲ့တယ်။ ကုန်းမြေတွေ တစ်စုတည်း ဖြစ်သွားတဲ့ အချိန်မှာ သွေးနဲ့ ဝိညာဉ်က မူလ နေရာကို ပြန်ရောက်သွားတယ်တဲ့ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now