Chapter (731)"အကြံစည်ကောင်း"

174 21 0
                                    

Chapter (731) (စာစဉ် ၅၃- အပိုင်း ၃)

“အကြံစည်ကောင်း”

“အဖိုး . . . ဘယ်လို . . . ဘယ်လို လက်ထပ်ရမှာလဲ . . .”

ဇုဝူကျီမှ အဖိုးဖြစ်သူကို လှမ်းကြည့်ရင်း မေးလိုက်၏။

အမတ်ချုပ်ကြီးဇုမှ ပြုံးလိုက်ရင်း -

“ငါလည်း ဘာတွေမှန်းကို မသိတော့ပါဘူး။ ဒီလူတွေက မင်းကို သူတို့ရဲ့ မြေးသားမက် တော်ချင် နေကြတာ။ သူတို့ကိုလည်း ကြည့်ပါဦး ကလေးတွေလိုပဲ အရေးမပါတာတွေ ပြောပြီး ရန်ဖြစ်နေကြတာ . . .”

“ဟူး . . .”

ဇုဝူကျီတစ်ယောက် စိတ်မောသွားမိသည်။

“အမတ်ချုပ်ကြီး . . . ခင်ဗျားက အသက်ကြီးနေပြီဆိုတော့ ခင်ဗျားက မေ့နေပြီ ထင်တယ်။ ခင်ဗျားကိုတော့ အပြစ်မတင်ပါဘူး။ ခင်ဗျားသားရဲ့ မိန်းမ ကိုယ်ဝန်ရှိနေချိန် ကျုပ်သားရဲ့မိန်းမကလည်း ကိုယ်ဝန်ရှိခဲ့တယ်။ အဲဒီတုန်းက ခင်ဗျားနဲ့ ကျုပ် သဘောတူထားကြတယ် မဟုတ်ဘူးလား . . .”

“ခင်ဗျား မေ့နေတာထင်တယ် ဒါပေမယ့် ကျုပ်ကတော့ သတိရနေတုန်းပဲ။ အခုတော့ ကိုယ့်ကတိ ကိုယ် တည်ကြရမယ်လေ . . .”

အဖိုးကြီးတစ်ဦးမှ လှမ်းအော်၍ ပြောလိုက်၏။

ဇုဝူကျီ၏ စိတ်ထဲတွင် ထိုအဖိုးကြီးအား လူလည်ကျလွန်းလှသည်ဟု ထင်မိလိုက်သည်။ အကြပ်ရိုက် သလိုလည်း ခံစားလိုက်ရသည်။

“ဒါအမှန်တရား မဟုတ်ဘူး အဲဒီလို လုပ်ခဲ့တာ ကျုပ်တို့ပဲ။ ကျုပ်တို့ကသာ သဘောတူညီမှု လုပ်ခဲ့တာ”

အခြားအဖိုးကြီးတစ်ဦးမှလည်း ဒေါသတကြီးဖြင့် အော်လိုက်ပြန်သည်။

“မဖြစ်နိုင်ဘူး . . . အမတ်ချုပ်ကြီး ခင်ဗျားက ဘာလဲ။ မိသားစု လေးငါးစုနဲ့ကို သဘောတူထားတာလား"

"ဘုရား . . . ဘုရား . . .”

အမတ်ချုပ်ကြီး၏ မျက်လုံးများပင် ပြူးကျယ်သွားကာ စိတ်ထဲတွင်လည်း အံ့ဩသွားမိသည်။

(ဘုရား . . . ဘုရား . . . ဘယ်လိုတွေတောင် ဖြစ်နေကြတာလဲ။ အခုလိုတွေတောင် ဖြစ်ကုန်ကြပြီလား။ မင်းတို့ ဘာတွေ ပြောနေကြတယ်ဆိုတာတောင် ငါမတွေးတတ်တော့ဘူး . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now