816 - 820

236 19 0
                                    

Chapter (816)(စာစဉ် ၅၉- အပိုင်း၂)

“ဉာဏ်အမျှော်အမြင် ကြီးမားသော ဂိုဏ်းချုပ်”

အဆင့်နိမ့် နယ်ပယ်ကနေ အဆင့်မြင့် ကမ္ဘာကို တက် လာသော လူသစ်လေးက ရွှေအကြေးခွံနဂါးငါးရဲ့ အမြုတေ ကို စားခွင့် ကြုံခဲ့သည်။

ထို့ပြင် ဥသျှောင်ကြီး သုံးယောက်ရဲ့ တပည့်ရင်း ဖြစ်သွားခဲ့ရပြန်သည်။

မည်မျှထိ ကံကောင်းသော လူပါနည်း။

သို့သော် ကျင့်ကြံမှုအပိုင်းတွင် တိုးတက်ရန်အတွက်မူ အချိန်တစ်ခုတော့ ကြာပေဦးမည်။

နောက်ထပ် နှစ်ပေါင်း တစ်ရာကျော်၊ နှစ်ရာကျော် လောက်တွင် ရဲရှောင်က မူလတာအိုအဆင့်သို့ ရောက်ရှိနိုင် သည်။

သို့သော် မူလဝိညာဉ် အဆင့်၏ ထိပ်ဆုံးသို့ တစ်နှစ်ခွဲ လောက်အတွင်း ရောက်ရှိရန်က မဖြစ်နိုင်သလောက်ပင်။

မည်မျှ အရည်အချင်း ရှိသော လူဖြစ်ပါစေ မဖြစ်နိုင်ပါ။

“ဘာလဲ . . .”

“မင်းက မယုံဘူးလား . . .”

အဘိုးကြီး သုံးဦးက ယွဲ့ချန်းရှန်ကို ကြည့်ရင်း မေးလိုက်သည်။

ယွဲ့ချန်းရှန်က အပြုံးဖြင့် -

“ယုံပါတယ် . . . ယုံပါတယ် . . .”

“အဲဒီနေ့ကို ကျုပ်မြန်မြန် ရောက်ချင်မိပြီ . . .”

မည်သို့ပင် ဖြစ်စေ အဘိုးကြီး သုံးဦးက မသေခင်တွင် တပည့်တစ်ယောက်ကို ရရှိလိုက်နိုင်ပါပြီ။

သူတို့၏ အမွေကို လက်ခံမည့် ပြိုင်ဘက်ကင်း တပည့် တစ်ဦးကို ရရှိလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် အဘိုးကြီး သုံးဦးလုံး ပီတိဂွမ်းဆီထိပင် ဖြစ်နေကြသည်။

ထိုစဉ် ခန်းမအတွင်းမှ ထွက်သွားကြသော လူဆယ်ယောက်ကျော်က ပြန်ဝင်လာကြသည်။

ထိုလူများရဲ့ ပုံက တစ်စုံတစ်ခုကို ပြောချင်နေဟန်ပင်။

လဲ့ဒါဒီက -

“ဘာလဲ . . .”

“မင်းတို့က ငါတို့ရဲ့ တပည့်အသစ်လေးကို ခေါ်သွားကြ တော့မလို့လား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now