Chapter (772)"သတိမပြုမိကြသည့် သတ်ဖြတ်ခြင်း"

177 18 0
                                    

Chapter (772)(စာစဉ်၅၅-အပိုင်း၁၄)

“သတိမပြုမိကြသည့် သတ်ဖြတ်ခြင်း”

အားဟူ၏ စိတ်ထဲတွင် . . .

(သူ့ကို ဒေါသထွက်နေလို့လည်း အပိုပဲ . . .)

(ကောင်းပြီ . . . အသုံးမကျတဲ့ မြွေတွေကို သတ်တာ ပေါ့။ ဒီမြွေတွေကြောင့် ငါကအနိုင်ကျင့် ခံရတာ။ အဲဒါ တောင်များ သူတို့က ငါ့ရှေ့မှာ ပိတ်ရပ်ဝံ့နေကြသေးတယ်။ အခု ငါတော်တော် ဒေါသထွက်နေတာကို ဒီကောင်တွေ မသိကြဘူးလား . . .)

အားဟူ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“ညောင် . . .”

၎င်း၏ ချီဓာတ်များမှာ မိုးကြိုးပစ်လိုက်သည့်ပမာ တဟုန်ထိုးဖြင့် ထွက်သွားကြသည်။

ရာနှင့် ချီသော မြွေများမှာ မှင်သက်သွားကြပြီး လှုပ်ပင် မလှုပ်ရဲကြတော့ချေ။

ရှောင်မူဖေ့မှာမူ မြွေများကို အားကုန်သုံး၍ တိုက်ခိုက် နေရသည်။

တိုက်ပွဲ၏ အခြေအနေများကို ပြောင်းလဲပစ်ချင်သော် လည်း ရာနှင့်ချီသော မြွေကြီးများ၏ ဝန်းရံထားခြင်းကို ခံနေရတုန်းပါပင်။

အဆင့်ခုနှစ်မြွေကြီးများသည် မူလအိမ်မက် အဆင့်ရှိ သည့် ပညာရှင်များ၏ အဆင့်နှင့် တူညီသဖြင့် ခက်ခက် ခဲခဲ တိုက်ခိုက်နေရသည်။

၎င်းတို့၏ ခုခံ ကာကွယ်နိုင်စွမ်းမှာလည်း ရှောင်မူဖေ့ အဖို့ စိတ်ဓာတ်ကျစရာပါပင်။

ထို့ပြင် ပြင်းထန်လှသော အဆိပ်များလည်း ရှိနေသေး သဖြင့် ရှောင်မူဖေ့တစ်ယောက် ခက်ခက်ခဲခဲကို တိုက်ခိုက် နေရတော့သည်။

ထိုကဲ့သို့သော အခြေအနေတွင် ကြောင်ငယ်လေး တစ်ကောင်မှ မြွေများ၏ အလယ်တွင် အေးအေးလူလူဖြင့် လျှောက်လှမ်းသွားသည်ကို ရှောင်မူဖေ့သည် မည်သို့မျှ သတိပြုနိုင်လိမ့်မည် မဟုတ်ပေ။
. . .

မြွေပေါင်းများစွာနှင့် တိုက်ခိုက်နေရသော ရှောင်မူဖေ့ မှာ တိုက်ပွဲအခြေအနေကို အကဲဖြတ်ရာ၌ ပါးရည်နပ်ရည် ရှိသူတစ်ဦးပီပီ မြွေများမှာ တဖြည်းဖြည်းဖြင့် အားနည်းလာ သည်ကို သတိပြုမိသွားသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now