အခန်း ၁: ရုပ်ရှင်ဧကရီရဲ့သမီး

12.5K 1K 37
                                    

{Unicode/ Zawgyi below}

အခန်း ၁: ရုပ်ရှင်ဧကရီရဲ့သမီး

မကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ရတာထက် ဆိုးရွားတဲ့အတွေ့အကြုံက ဘာဖြစ်မလဲ။ ကိုယ်ကိုယ်တိုင်ရိုက်ကူးထားတဲ့ မကောင်းတဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်နေရတာပဲ။

ရယ်မောသံတွေ ပြည့်နှက်နေတဲ့ ရုပ်ရှင်ရုံထဲမှာ နင်နင် အမူအရာမဲ့စွာထိုင်နေတယ်။ ဘေးမှာထိုင်နေတဲ့ ပရိသတ်တစ်ယောက်က နင်နင့်ကိုတံတောင်နဲ့တွတ်လာတယ်၊ "မင်းဘယ်တုန်းကစပြီး မျက်လုံးကန်းသွားတာလဲ?"

"ကျွန်မမျက်လုံးမကန်းဘူး" နင်နင် သူမရဲ့နေကာမျက်မှန်ကို ပင့်တင်လိုက်တယ်။ သူမနေကာမျက်မှန်ဝတ်ထားရတာက မျက်လုံးကန်းနေလို့မဟုတ်ဘဲ သူမကဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီးဆိုတာ လူတွေမှတ်မိသွားမှာစိုးလို့ဖြစ်တယ်။

"အမ်း ငါကတော့ကန်းသွားပြီ" ဘေးကလူက သူ့ရဲ့မျက်မှန်ကိုချွတ်ကာ ဖြည်းဖြည်းချင်း သုတ်နေတယ်။ "ဒီရုပ်ရှင်စပြပြီး ငါးမိနစ်လောက်ကတည်းက ငါ့အမြင်အာရုံ ဆိုးဆိုးလာတာ၊ အခုတော့ လုံးလုံးကန်းခါနီးနေပြီ"

"ဟဟ၊ ဟားဟားဟား.." နင်နင်ပြောစရာမဲ့သွားတာကြောင့် နေရခက်ခက်နဲ့ ရယ်လိုက်တယ်။ စိတ်ထဲမှာတော့ ဒီသောက်ကျိုးနည်းရုပ်ရှင် မပြီးနိုင်သေးဘူးလား လို့ တွေးနေမိတယ်။

အခုအချိန်မှာ ရုပ်ရှင်ကတစ်ဝက်သာ ပြီးသေးတာဖြစ်ပြီး အမြင်အာရုံကိုတန်ဖိုးထားကြတဲ့လူတချို့ကတော့ ရုပ်ရှင်ရုံထဲကနေထွက်သွားနှင့်ကြပြီဖြစ်တယ်။ မထွက်သွားဘဲ ကျန်နေသေးတဲ့လူတွေကလည်း ဖုန်းကြည့်တဲ့သူကြည့်၊ စကားပြောတဲ့သူပြော၊ အိပ်တဲ့သူအိပ်နဲ့ပင်။ နင်နင့်ဘေးကလူတစ်ယောက်သာ ရုပ်ရှင်ကို လေးလေးနက်နက် ကြည့်နေတာဖြစ်တယ်။ သူကန်းခါနီးဖြစ်နေတာတောင် ပိတ်သားပြင်ပေါ်ကနေ မျက်လုံးမလွှဲသေးပေ။ "ဒီရုပ်ရှင် အဆင့်သတ်မှတ်ချက် ဘယ်လောက်လောက်ရမယ်လို့ မင်းထင်လဲ?"

အပြည့်ရမှာလို့ မျက်နှာပြောင်ပြောင်နဲ့ မပြောနိုင်တာကြောင့် "ကြယ်၃ပွင့်" လို့ နင်နင်ပြောလိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now