ကျီးဝမ်က ထိုအကြည့်ကိုသတိထားမိသွားသဖြင့် သူ၏အသံမှာ တိုးညှင်းသွာသည် " မြန်မြန်သွား"

" စိတ်မတိုပါနဲ့... ကျွန်တော်အခုပဲသွားလိုက်မယ်" ချီပေါ်ယန်က ဆန်ပြုတ်ပန်းကန်ကို ချထားလိုက်ကာ ဆေးသေတ္တာယူရန် လှည့်ထွက်သွားသည်။

ကျီးဝမ်က ကုတင်အလယ်၌ ခဏလောက်ထိုင်နေပြီးနောက် သူမတ်တပ်ထရပ်လိုက်သည့်အခါ တစ်ခုခုကို ခံစားမိလိုက်သဖြင့် မျက်နှာမှာမည်းမှောင်သွားရသည်....

ချီပေါ်ယန်ထွက်သွားပြီး ပြန်ရောက်လာသည့်အခါ သူ့ကိုကိုက ကုတင်ပေါ်တွင်ရှိမနေတော့ကြောင်းတွေ့လိုက်ရသည်။

ရေချိုးခန်းထဲမှ ရေကျသံကိုကြားနေရသည်။ ချီပေါ်ယန်က ကုတင်ဘေးမှ ခဲရောင်ခြေနင်းအခင်းပေါ်တွင် အနက်ရောင်အစွန်းအထင်များရှိနေပြီး သစ်သားကြမ်းပြင်ပေါ်တွင်တောင် အနည်းငယ် ညစ်ပေနေကြောင်း သိသိသာသာ သတိထားမိလိုက်သည်။

သူသည် နောင်တ'တကြီးဖြင့် စုပ်သပ်လိုက်ကာ ခြေနင်းအခင်းကိုယူပြီး သစ်သားကြမ်းပြင်ပေါ်ရှိ အစွန်းအထင်းများကို သုတ်လိုက်ပြီးနောက် ထိုအခင်းကိုအဝတ်လျှော်စက်ထဲသို့ပစ်ထည့်လိုက်သည်။

အဝတ်လျှော်ခလုပ်ကို နှိပ်လိုက်ပြီးသည့်အခါ ချီပေါ်ယန်သည် ရေချိုးခန်းတံခါးနားသို့ရောက်လာခဲ့သည်။ တံခါးကိုလော့မချထားသဖြင့် လက်ကိုင်ကို၂ချက်မျှလှည့်လိုက်သည့်အခါ တံခါးပွင့်သွားခဲ့သည်။

မှုန်ဝါးဝါးရေငွေ့များကြား၌ ကျီးဝမ်သည် မျက်စိပဿဒဖြစ်လှသော အမှတ်အသားအရာများနှင့် ပြည့်နေသည့် သူ၏နောက်ကျောဘက်အား ရေနွေးဖြင့်ဆေးကျောလို့နေသည်။ ထိုအရာများသည် သွားရာများဖြစ်ကာ အချို့သည် သွေးပင်ထွက်နေပြီး အချို့မှာ ဒဏ်ရာများအဖြစ်ရှိနေကာ ဒဏ်ပေးခြင်းခံထားရသလိုမျိုး နောက်ကျောတစ်ခု၌ အမှတ်အသားများဖြင့်ပြည့်လို့နေသည်။

ကျယ်ပြောလှသော ပုခုံးပြင်ကျယ်၏အောက်ဘက်တွင် သွယ်လျှသည့်ခါးလေးရှိနေသည်။ ကျီးဝမ်၏ ခန္ဓာကိုယ်အချိုးအစားကပြီးပြည့်စုံကာ တောင်တင်းသည့်ကြွက်သားရှိနေသည့်အတွက်ကြောင့် ယခုအချိန်၌ မတ်တပ်ကောင်းကောင်းရပ်နေနိုင်ခြင်းဖြစ်သည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now