ဂျူဂျစ်ဇု အားကစားနည်းတွင် တွေ့နေကြပုံစံအနေအထား

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဂျူဂျစ်ဇု အားကစားနည်းတွင် တွေ့နေကြပုံစံအနေအထား

ကျီးဝမ်၏ပုံရိပ်အားတွေ့သည့်အခါ လိဖုန်းသည် ရှောင်ရွှိကိုလွှတ်ပေးလိုက်ကာ အားနာသွားဟန်ဖြင့် ဘေးနားတွင်ထရပ်လိုက်သည်။

ရှောင်ရွှိက ထိုအခါမှ အသက်ဝဝရှုရတော့သည် " အမေရေ... ကျွန်တော်သေပြီလို့တောင်ထင်နေတာ"

ကျီးဝမ်က အရှေ့သို့တိုးကာ ရှောင်ရွှိအား ဆွဲထူပေးလိုက်သည် " ဒဏ်ရာရသွားသေးလား?"

ရှောင်ရွှိက အမှန်အတိုင်းပင် ခေါင်းခါလိုက်ပြလိုက်သည်။ လိဖုန်းက ကျွမ်းကျင်စွာဖြင့် သူ့ကိုဖိချုပ်ထားခဲ့ပြီး အခန်းထဲသို့ ဆွဲခေါ်ခံရသည့် တစ်လျှောက်လုံးတွင် လိဖုန်းက သူ့အား ပုံစံအမျိုးမျိုးဖြင့်ထိန်းချုပ်ထားခဲ့သည်။

လိဖုန်းက ဝင်ရောက်ရှင်းပြလိုက်သည် " ကျွန်တော့်အားကို သေချာထိန်းချုပ်ခဲ့တာပါ... ဒဏ်ရာမရနိုင်ပါဘူး'

ကျီးဝမ်က ရှောင်ရွှိအား ခြေ၊လက်များလှုပ်ပြခိုင်းပြီး အကုန်အဆင်ပြေတယ်ဆိုတာသေချာမှ လိဖုန်းအား တိတ်တဆိတ်ကြည့်လိုက်သည် " နောက်တစ်ခါ အဲ့ဒီလိုမလုပ်ပါနဲ့... ဘာပဲဖြစ်ဖြစ်ရှောင်ရွှိကငါ့လက်ထောက်"

"ဟုတ်ကဲ့... ကျွန်တော်တောင်းပန်ပါတယ်" လိဖုန်းက ခေါင်းငုံ့လိုက်သည်။

ထိုအခါကျီးဝမ်မှာ အနည်းငယ် အားနာသွားရပြန်သည်။ အမိန့်ပေးသူက ချီပေါ်ယန်ဖြစ်ပြီး သူ့ကိုသာအပြစ်တင်ရမည်ဖြစ်သည်။ တကယ်တော့ လိဖုန်းနှင့်မသက်ဆိုင်ပေ။

ထိုအချိန်၌ တရားခံက ရောက်လာပြီး တံခါးပေါ်လက်ထောက်ထားကာ လိဖုန်းကိုပြောလိုက်သည် "သွားရအောင်.. ပြန်ပြီး အထုတ်ပြင်ရဦးမယ်"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now