/36/

2.8K 445 13
                                    

Unicode

" ဟုတ်ပြီ ၊ အသုံးမဝင်ဘူးပဲ" လုရှီမင်က ပုလင်းကိုပေါ့ပေါ့ပါးပါး ပြန်ယူလိုက်သည်။

နီးယန်သည် ရှောင်ယွီကို စိုးရိမ်တကြီး ပွေ့ဖက်လိုက်ပြီး သူမမျက်နှာတွင် စိုးရိမ်ဗျာပါရများ ရှိနေ၏။

"အစ်ကိုရှောင်၊ အစ်ကိုရှောင်၊ တောင့်ခံထားနော်! ဘေဘီ ရှောင်အကြောင်းတွေးကြည့် ၊ သူက အရမ်းငယ်သေးတယ်လေ..."သို့သော်လည်း အနာဂတ်တွင် သူက မကြီးထွားကနိုင်တော့ပေ။

ရှောင်ယွီ တစ်ကိုယ်လုံးလိမ်ပိန်လာ၏။

သူက နောက်ဆုံးကျန်ရှိသည့် တစ်စွန်းတစ်စသော ကြည်လင်ပြက်သားမှုကို ထိန်းသိမ်းကာ နီးယန်အား သူ့ဆီကနေ တွန်းဖယ်လိုက်ပြီး သူ့ခေါင်းကို ကျောက်နံရံနဲ့ ပစ်တိုက်လိုက်သည်။

"ဒုန်း" ဟူသော အသံနှင့် အတူ ရှောင်ယွီမျက်နှာပေါ် သွေးများ စီးကျလာလေ၏။

ဖုန်မှုန့်များ၊ ကျောက်အပိုင်းအစများ ပြိုကျလာပြီး ရှောင်ယွီလုပ်ဆောင်ချက်ကြောင့် ဂူတစ်ခုလုံး လှုပ်ခါသွားပုံရသည်။

"ဘာလုပ်ရမလဲ"

နီးယန်သည် စိုးရိမ်တကြီး ငိုကြွေးနေတော့၏။

လုရှီမင်က ခဏလောက်ချင့်ချိန်တွေးဆလိုက်ပြီး သူ့လက်ကို မြှောက်လိုက်တော့ သူ့လက်ထဲမှာ သလင်းကျောက်အမြုတေတစ်ခု ပေါ်လာ၏။

"ဒါက ဘာလဲ?"နီးယန်က ငိုထားတာကြောင် သူမမျက်လုံးများမှာ ယခုအချိန်တွင် သစ်ကြားသီးလိုမျိုး ဖူးယောင်နေသည်။

"ဖန်မိုင်းရဲ့ သလင်းကျောက်အမြုတေ ၊ သူ့ကို ဒါနဲ့ စမ်းကြည့်ပါလား"

"အသုံးဝင်ပါ့မလား"

နီးယန်က ဖန်မိုင်းရဲ့ သလင်းကျောက် အမြုတေကို တွေတွေဝေဝေ ယူလိုက်ပြီး သူ့ကိုယ်သူ မထိန်းချုပ်ထားနိုင်တော့မလိုဖြစ်နေတဲ့ ရှောင်ယွီကို လှည့်ကြည့်လိုက်သည်။သူက ယောင်ကိုင်းနေသော မျက်နှာနဲ့ မြေပြင်ပေါ် တွားသွားနေ၏။သွေးတွေနဲ့ ရှောင်ယွီက  မလှမ်းမကမ်းနေရာက သေနတ်ဆီသို့ ကြိုးစားပမ်းစားတွားသွားလိုက်သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓On viuen les histories. Descobreix ara