/33/

2.9K 449 4
                                    

Unicode

စုရွမ်ရွမ် ဝမ်းနည်းသွားသည်။

သူမ သခင်ကြီးစု အဖြစ် မကြမ်းတမ်းနိုင်တော့ပါ။

နတ်သမီးလေး ဝမ်းနည်းလာလာချင်းပဲ ကောင်းကင်တွင် အဖြူရောင်ပန်းများ ပွင့်လန်းလာ၏။

နီးယန်က သူမ လက်ထဲက ပန်းပွင့်ကို ဖိညှစ်လိုက်သည်။

ဒီပန်းပွင့်ကို ဘာကြောင့် ရင်းနှီးနေတာလဲ?

မမှတ်မိဘူး ဖြစ်နေတယ်။

နီးယန်သည် ပန်းကို သူမပါးစပ်ထဲထည့်လိုက်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်ကာ မြေပြင်ပေါ်က ပန်းတွေကို ကောက်နေတဲ့ ဇွန်ဘီတွေကိုကြည့်ပြီးပြောလိုက်သည်။"အဲ့ဒါဘာလဲ?"

"ဇွန်ဘီလေ"

စုရွမ်ရွမ်လည်း အဲ့တစ်ကောင်ကို စိုက်ကြည့်နေ၏။ဇွန်ဘီရဲ့လက်ထဲတွင် ပန်းအပြည့်ရှိနေပြီး ရူးကြောင်ကြောင်ပြုံးလျက်ရှိသည်။

နီးယန် ပြောလိုက်သည်။"ဒီဇွန်ဘီပုံစံက ဘာကြောင့် ရင်းနှီးနေရတာလဲ?

အထူးသဖြင့် ခုနက ကျောက်တုံးနဲ့ပစ်လိုက်တဲ့ လှုပ်ရှားမှုတွင် ဖြစ်သည်။

အားလုံးက အတူတူပဲကို..ဘယ်လိုလုပ် မှတ်မိမှာလဲ ဟု စုရွမ်ရွမ်ပြောလိုက်သည်။

"ဒါပေမယ့် ဇွန်ဘီတွေက ပုံစံတူတွေလို ဖြစ်နေတယ်"

နီးယန် သူမဘာသူမ တိုးတိုးရေရွတ်လိုက်ပြီးနောက် နည်းနည်း စိတ်ပျက်လက်ပျက် အမူအရာနဲ့ စုရွမ်ရွမ်ကို လှည့်ကြည့်လိုက်ပြီး သူမခေါင်းလေးကို ပုတ်ပေးလိုက်သည်။"လက်ခံလိုက်တော့ ၊ အမှိုက်စွမ်းရည်က နင့်ကို ပေးခဲ့တာပဲ"

စုရွမ်ရွမ်:အရင်က ဒီလောက်ထိ တစ်ခါမှ အရှက်မကွဲဖူးဘူး!

နတ်သမီးလေး စိတ်ဆိုးသွားသောအခါ ကောင်းကင်မှ အဖြူရောင်ပန်းပွင့်များ ကြွေကျဆင်းသက်လာ၏။

နီးယန် လက်မြှောက်လိုက်ကာ သူမရှေ့က ပန်းပွင့်တွေကို ဝှေ့ယမ်းဖယ်ရှားလိုက်ပြီး စုရွမ်ရွမ် ခေါင်းလေးကို ပုတ်ပေးကာ ပြောလိုက်သည်။"ဘယ်လိုပဲဖြစ်ဖြစ်...ဒါတွေက တကယ် လှပါတယ်"

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Dove le storie prendono vita. Scoprilo ora