/21/

3.1K 551 6
                                    

🍁 Unicode 🍁

သွမ့်ကျန်း သေသွားတဲ့ အချိန်မှာပဲ ကျောက်မီးသွေးနယ်မြေရဲ့ အလယ်က မြေကြီးတံတိုင်းလည်း ချက်ချင်း ပြိုကျပျက်စီးသွားတော့သည်။

"ဘာဖြစ်သွားတာလဲ?" တစ်ယောက်ယောက်က အော်လိုက်တော့ သူတို့လည်း တစ်စုံတစ်ရာကတော့ မှားယွင်းနေကြောင်း ရှာတွေ့လိုက်သည်။

"ရုတ်တရက်ကြီး တံတိုင်းက ပြိုကျသွားတယ်"

"တစ်ယောက်ယောက် ဖိချနေတာ ဖြစ်မယ်"

လူတိုင်းက စကားပြောနေကြပြီး ကူညီဖို့ ရှေ့သို့ လျှောက်သွားကြသည်။ 

နီးယန်က လူတွေကို ဦးဆောင်ကာ သွမ့်ကျန်းရှိရာနေရာသို့သွားပြီး အရင်ဆုံး လူတွေကို ကယ်ဆယ်ဖို့ သူမနောက်က လက်နက်ကိုစစ်သားတွေကို အမိန့်ပေးလိုက်သည်။ ပြီးနောက် စုရွမ်ရွမ် နှင့် လုရှီမင်ကို ပတ်ပတ်လည်မှာ ရှာဖွေကြည့်လိုက်၏။

"စုရွမ်ရွမ် ! လုရှီမင် !"

"ဝုတ် !..."ခွေးပေါက်လေးက အမြီးနှန့်နေကာ နီးယန်ရဲ့ ဘောင်းဘီကို ဆွဲလိုက်ပြီး သူမကိုဆွဲခေါ်သွားသည်။

"နင် ငါ့ကို စုရွမ်ရွမ်နဲ့ လုရှီမင်ကို ရှာဖို့ခေါ်သွားမလို့လား?"

"ဝုတ်!"

နီးယန်က ခွေးပေါက်လေး နောက်မှလိုက်ပြီး စိုးရိမ်သောမျက်နှာဖြင့် အဆောက်အအုံထဲသို့ လိုက်ဝင်သွားသည်။

နီးယန်က ခွေးပေါက်လေးကို ခေါ်ချီလိုက်ပြီး သတိနိုးကြားလျက် အထဲသို့လျှောက်၀င်သွား၏။

ခဏအကြာလမ်းလျောက်ပြီးနောက်၊ နောက်ဆုံးမှာတော့ အပေါက်အကျယ်ကြီးပွင့်နေတဲ့ အခန်းတစ်ခုကို သူမမြင်ရတော့သည်။

နံရံလေးဘက်တွင် သုံးဘက်မှာ ပြိုလဲပြီးသွားပြီး နောက်ဆုံး နံရံသာ ပြိုလဲလျှင် အဆောက်အအုံက လုံးဝပြိုလဲပျက်စီးသွားတော့မည်။

"နင်တို့ အဆင်ပြေကြလား?"

နီးယန်က ခွေးနှင့်အတူ အပျက်အစီးပုံထဲသို့ အပြေးအလွှားဝင်လာ၏။

စုရွမ်ရွမ်က လုရှီမင် ရင်ခွင်ထဲတွင် နူးနူးညံ့ညံ့လေး မှီနေပြီး ကျယ်လောင်စွာငိုကြွေးနေ၏။       "ဘာမှမဖြစ်ပါဘူး ။ ဒါက နည်းနည်းလေး ခြစ်မိရုံလေးပဲ" လုရှီမင်က သူ့ရင်ခွင်ထဲမှ စုရွမ်ရွမ်ကို ဖက်ထားပြီး စုရွမ်ရွမ်ကို နှစ်သိမ့်နေသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now