~3~

4.6K 636 12
                                    

🍁 Unicode 🍁

ကျန်းကျစ်ဟောင်၏ ချစ်သူက တံခါးဖွင့်လာသည်။

သူမ၏မျက်နှာပေါ်တွင် ဆံပင်လိုင်းကောက်ကြီးများနှင့် အရောင်နုနုမိတ်ကပ် ရှိနေသည်။ ဤရက်စက်သော ကမ္ဘာပျက်ကပ်၌ သူမ၏ရှင်သန်နေထိုင်ရေးမှာ သိသိသာသာကို သက်တောင့်သက်သာရှိနေသည်။

လုရှီမင်လား?

အမျိုးသမီး အနည်းငယ်ဖွင့်ထားသေ တံခါးနောက်တွင် ရပ်နေပြီး အံ့အားသင့်နေသည်။

လုရှီမင်ပြောလိုက်သည်: သွမ့်ကျန်း၊ကျန်းကျစ်ဟောင် ရှိလား?

သွမ့််ကျန်း လူသုံးယောက်အား ရှက်ရွံ့စွာ ကြည့်နေပြီး တံခါးမဖွင့်ရဲပေ။ သွမ့်ကျန်းနောက်တွင် ယောက်ျားတစ်ယောက်လျှောက်ထွက်လာသည်။ သူ့ရုပ်ရည်မှာ ကြည့်ကောင်းသော်လည်း သူ့မျက်ခုံးများမှာ မြင့်တက်နေသောကြောင့် သူက ဘယ်နည်းနဲ့မှ လူကောင်းမဖြစ်နိုင်ပေ။

"ရှီမင်၊ မင်းဘာလို့ ဒီမှာရှိနေတာလဲ?" ကျန်းကျစ်ဟောင် နည်းနည်းအံ့အားသင့်သွားသည်။

အားနည်းပြီး မြင့်မြတ်တဲ့ ဟန်ပန်ရှိတဲ့ လုရှီမင်က အစောတည်းက ဇွန်ဘီအသတ်ခံရပြီး သေနေလောက်ပြီဟု သူတွေးနေခဲ့သည်။

လုရှီမင်က ဖြူဖပ်ဖြူရော် ပြုံးလိုက်ပြီး "အင်း"

အရင်ဆုံး ကျန်းကျစ်ဟောင် အကြည့်များ နီးယန် ပေါ်သို့ ကျရောက်သွားပြီးနောက် စုရွမ်ရွမ် ပေါ်သို့် ကျရောက်သွားသည်။

မိန်းမငယ်လေးက ကြီးမားတဲ့ ပြောက်ကျားယူနီဖောင်းကို ဝတ်ဆင်ထားခဲ့ပြီး ကိုယ်ကိုကျုံ့ကာ လုရှီမင် နောက်တွင်ကွယ်နေပြီး သူမ၏ ကြည်လင်လှပသော မျက်လုံးများကို ထုတ်ဖော်ထားသည်။

အဲဒါ စုရွမ်ရွမ်ဘဲ။

ကျန်းကျစ်ဟောင် မျက်လုံးများမြင့်တက်သွားသည်။

ကမ္ဘာကြီးပျက်ကပ် မစတင်ခင်တွင် စုရွမ်ရွမ်မှာ ကျောင်းတွင် နတ်ဘုရားမဖြစ်ပြီး အဲဒီအပြစ်ကင်းစင်တဲ့ နတ်သမီးလေးလိုမျက်နှာသည် ယောက်ျားဘယ်လောက်များများ၏ နှလုံးသားအား ဖမ်းစားထားနိုင်လဲ မသိနိုင်ပေ။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now