/20/အဆက်

3.1K 526 10
                                    

🍁 Unicode 🍁

စုရွမ်ရွမ် ပြန်ပေးဆွဲခံရသည်။

ဝက်သားနှပ် အနံ့ကြောင့် သူမနိုးလာရ၏။

သူမ မျက်လုံးဖွင့်ဖွင့်ခြင်း "ကန်တင်း"ဟူသော ကြီးမားသောစာလုံးကြီးကို မြင်တွေ့ရသည်။

သူမက အထဲမှာရှိနေခဲ့၏...မာဖီးယားနှစ်ယောက်က သူမကို ဈေးဝယ်တွန်းလှည်းထဲ ထည့်ခဲ့တာလား?

စုရွမ်ရွမ် စိတ်တိုစွာရေရွတ်လိုက်သည်။

သူမလို မြင့်မြတ်တဲ့ အဖိုးတန်လေးက ဘယ်လိုဖြစ်လို့ နိမ့်ကျတဲ့သယ်ယူပို့ဆောင်ရေးလိုမျိုး ဈေးဝယ်တွန်းလှည်းထဲမှာ ရှိနေတာလဲ!

သူမ နူးညံ့အိစက်တဲ့ တွန်းလှည်းပဲ လိုချင်ပါတယ်နော်!

လူနှစ်ယောက်က စုရွမ်ရွမ်နိုးနေတာကို သတိမထားမိကြပဲ တစ်ယောက်နဲ့‌တစ်ယောက် တီးတိုးတီးတိုး တွက်ထိုးနေကြသည်။

"အထဲမှာ အသားဝေနေပုံပဲ"

"အသား အရင်သွားစားရအောင်"လူနှစ်ယောက်မှာ စုရွမ်ရွမ်ကို ကန်တင်းထဲတွင် ချထားခဲ့၏။

ရှင်တို့ ပိုပြီး ရက်ရောပေးကမ်းနိုင်မလား?သူမရဲ့ နောက်ဆုံးညစာ အဖြစ် ရှင်တို့ သူမကို ဝက်သားနှပ် မကျွေးနိုင်ဘူးလား?

သုံးမိနစ်လောက်ကြာတော့ လူသတ်သမားနှစ်ယောက်မှာ စိတ်ဆိုးစွာဖြင့် အပြင်သို့ ထွက်လာကြသည်။

ကျိန်းမောင်းနေကြကာ စုရွမ်ရွမ်ထက်တောင်မှ ပိုပြီး စိတ်ဆိုးနေကြပုံပင်။

"သူက ငါတို့ကို အသားမကျွေးဘူးလို့ မမျှော်လင့်ထားမိဘူး!"

"သူက ငါတို့ကို တကယ်ကြီး စားဖို့အရည်အချင်းမမှီဘူးလို့ပြောခဲ့တာပဲ!"

စုရွမ်ရွမ် သူမပါးစပ်ကို ဖွင့်လိုက်၏။သူမမှာ အားနည်းနေသော်လည်း ခက်ခက်ခဲခဲပြောနေဆဲပင်။"အသား..."

လူသတ်သမားနှစ်ယောက်ဟာ ပို၍ပင် စိတ်ထဲတနုပ်နုပ် ဖြစ်လာကြ၏။

"ဒါကို မလုပ်နိုင်တော့ဘူး!"

"ငါတို့ သူမကို ပြန်ပို့ကြမယ်!"

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now