/16/

3.6K 590 35
                                    

🍁 Unicode 🍁

စုရွမ်ရွမ် သူမရှေ့က ပေါင်မုန့်‌ေခြာက်ကို ကြည့်လိုက်ပြီး စိတ်ဆိုးစွာဖြင့် ဖော်ပြနေသည်မှာ သူမ ငတ်သေတော့မည်ဟူ၍။

ထို့နောက် သူမက လုရှီမင်နှင့် မျက်လုံးချင်းဆုံကြည့်လိုက်ပြီး

မြန်မြန်လုပ် ရှင့်ရဲ့ဘေဘီလေးအတွက် အာလူးကြော်နည်းနည်းရယ်၊ကုတ်ခ်ဘူးရယ်၊ ဘီစကစ်နည်းနည်းရယ် ထုတ်လိုက်စမ်းပါ။

အမျိုးသားက သူ့မျက်ခုံးကိုနှိမ့်လိုက်၏။သူ့မျက်နှာအမူအရာကတော့ မမြင်ရနိုင်ပေ။

စုရွမ်ရွမ်ရဲ့ စကားလုံးတွေကြားတော့ သူက အယုံသွင်းမခံရပဲ အဓိပ္ပာယ် မပေါ်လွင်သော ဝါကျတစ်ကြောင်းထုတ်ပြောလိုက်သည်။"မင်းမစားချင်လဲကိစ္စမရှိပါဘူး။အဲ့အတွက် မင်းမှာ အချိန်းဖြုန်းဖို့မရှိဘူး"

အချိန်ဖြုန်းတယ်?ဘာအချိန်ဖြုန်းတာလဲ?

ဗိုက်ဆာတယ်၊စုရွမ်ရွမ် ပူဆွေးသောကရောက်စွာဖြင့်အိပ်ယာလိပ်ထဲသို့ အိပ်ဖို့သွားလိုက်တော့သည်။

လမ်ခရီးတစ်ဝက်လောက် အိပ်လိုက်လာပြီး သူမအတော်လေး ဗိုက်စာသလို ခံစားနေရ၏။ထို့ကြောင့် သူမ အိပ်ယာထပြီး လုရှီမင်၏အိတ်ကို နှိုက်ကာ အထဲက ပေါင်မုန့်ခြောက်ကို ထုတ်ယူဖို့ ကြိုးစားလိုက်သည်။

ရုတ်တရက် တစ်ခုခုကတော့ မှားနေပြီဆိုတာ စုရွမ်ရွမ် နားလည်သဘောပေါက်သွား၏။

သူမ ခေါင်းနှိမ့်လိုက်ပြီး သူမ ခြေထောက်အောက်က စိမ်းလန်းနေသော ပန်းခင်းကိုကြည့်လိုက်သည်။ထို့နောက် သူမ ရှေ့တွင် ရပ်နေသော အမျိုးသားကိုကြည့်လိုက်ပြီး တွေဝေမိန်းမောခြင်းတစ်မျိုးခံစားလိုက်ရ၏။

ဟုတ်ပြီ?သူမက လုရှီမင်ရဲ့ ပေါင်မုန့်ခြောက်တွေကို ခိုးနေတာမဟုတ်ဘူးလား?ဘာကြောင့် ရှင့်ကို အိမ်မက်မက်နေတာလဲ?

အမျိုးသားက သန့်ရှင်းသော အဖြူရောင်ရှပ်ကို ဝတ်ဆင်ထားသည်။

သူက လှပသော ချယ်ရီပန်းပင်နောက်ခံနှင့် အတူ ခြေတံရှည်ဖြင့် နေရာတွင် ရပ်နေသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now