Extra (4)

3K 394 40
                                    

မင်္ဂလာဆောင်

ဆိုဖာပေါ်တွင် ထိုင်နေသည့် စုရွမ်ရွမ်က သူမကိုယ်သူမ ဖက်ထားပြီး ငိုနေ၏။"စတော်ဘယ်ရီသီးတွေက ဘာလို့ အစေ့ ရှိတာလဲ။ နဂါးမောက်သီးတွေက ဘာလို့ အစေ့ ရှိတာလဲ။ ရှင်က ဘာလို့ ဆံပင် ရှိတာလဲ"

အမျိုးသားက ဘယ်ဘက်လက်နဲ့ စတော်ဘယ်ရီသီးကို ကောက်ယူပြီး ညာဘက်လက်နှင့် နဂါးမောက်သီးကို ကောက်ယူလျက် အချိန်ယူကာ ကြည့်လိုက်သည်။ သူမက စကားမပြောခင် မျက်ရသည် ဝေ့သီတဲ့ မျက်လုံးတွေက ရုတ်ခြည်း နီရဲလာသည်။"ရှင် ကျွန်မအပေါ် ရက်စက်တယ် ~ "မိန်းမငယ်လေးက အလွန်အမင်း မတရားသလို ခံစားနေရ၏။ (🍂: ဘာမှမဟုတ်ဘူး။ သူ drama ခင်းနေတာ )

လုရှီမင်ကလည်း အလွန်အမင်း စိတ်ထိခိုက်နေကာ ဘာစကားမှ မပြောပဲ မျက်လုံးများမှိတ်ထား၏။

စုရွမ်ရွမ်က ပိုလို့ပင် မကျေမနပ် ဖြစ်လာ၏။"ရှင်က ကျွန်မအပေါ် ရက်စက်ရုံတင်မကဘူး။ ကျွန်မ ရှင့်ကို မမြင်ချင်တော့ဘူး..."

အမျိုးသားက ညင်သာစွာ သက်ပြင်းချလိုက်ပြီး စုရွမ်ရွမ်ခေါင်းလေးကို လှမ်းကိုင်လိုက်သည်။ ထို့နောက် စတော်ဘယ်ရီသီးတစ်လုံး ယူပြီး သူမပါးစပ်ထဲ ထည့်ပေးလိုက်သည်။"စားကောင်းလား"

စုရွမ်ရွမ် ချက်ချင်း ငိုတာရပ်သွားပြီး မညိတ်ချင်ညိတ်ချင် ခေါင်းညိတ်လိုက်၏။

နောက်ဆုံးတော့ မိန်းမငယ်လေးရဲ့ ပါးစပ်ကို ပိတ်ပြီးတဲ့ လုရှီမင်က ထရပ်ကာ ထွက်သွားသည်။

"ဘယ်သွားမလို့လဲ " စုရွမ်ရွမ် ညောင်တောင်တောင် အသံလေးဖြင့် ပြောလိုက်သည်။

"သန့်စင်ခန်း"

"အိုး ဒါဆို စောစော ပြန်လာခဲ့။"

လုရှီမင်သည် သန့်စင်ခန်းသို့ ထွက်သွားပြီး၊ စုရွမ်ရွမ် တစ်ယောက် စတော်ဘယ်ရီသီးစားပြီးသွားပြီးနောက် ရုတ်တရက် မှိုင်တွေညိုးငယ်သွားပြန်သည်။သူမရဲ့ ပြန့်ပြူးသော ဗိုက်ဆီထိကြည့်လိုက်လျက် ထိုနေရာတွင် သားပေါက်လေးတစ်ခုရှိနေသည်ကို စိတ်ကူးယဉ်ကြည့်ဖို့ ခက်နေ၏။

နီးယန် တံခါးဖွင့်ပြီး အထဲဝင်လာတော့ အရမ်းမပျော်မရွှင်ဖြစ်နေပုံပေါ်သည့် စုရွမ်ရွမ်ကို မြင်လိုက်ရသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Kde žijí příběhy. Začni objevovat