/30/

3.3K 490 40
                                    

Unicode

လုရှီမင်သည် စုရွမ်ရွမ်ကို ကော်ရစ်တာဆီ မ,သွားလိုက်သည်။

သူမ မြေပြင်ပေါ်သို့ ဆင်းခွင့်မရမီ သူမကိုယ်ပေါ်မှ နှင်းများကို ရှင်းလင်းသွားစေရန် လေထဲတွင် မြှောက်ထားခံရ၏။

စုရွမ်ရွမ်သည် လေး‌လေးနက်နက်တွေးနေရင်း ဝန်ဆောင်မှုကို နှစ်သက်စွာ ခံစားကာ သူမရဲ့ နူးညံ့သော မေးစေ့လေးကို တွေးဆဆ ထိလိုက်သည်။

အချိန်ခရီးသွား တစ်ဦးအနေဖြင့် သူမ ဝတ္ထုများစွာကို ဖတ်ဖူးခဲ့သည်။

အစကတော့ဘ  သူမက အမြှောက်စာ ဇာတ်ကောင်လေးတစ်ယောက်ပဲလို့ ထင်ထားခဲ့၏။ ဒါပေမယ့် အခုတော့ သူမက တကယ့် နတ်ဘုရားမ ဖြစ်ရမည်ဟု ခံစားနေရသည်။သူမက နတ်ဘုရားဆီက အချစ်ခံရသူမျိုး ဖြစ်ပြီး ပြိုင်ဘက်ကင်းစွမ်းအားတောင်မှ ရှိနေနိုင်သည်။

သူမက အခက်အခဲတွေကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် လရောင်ကို ထိတွေ့ကိုင်တွယ်နိုင်လိမ့်မည်!

သူရဲကောင်းက အလွန်သန်မာသော်လည်း သူမက ပိုသန်မာသူဆိုတာ စုရွမ်ရွမ် သိသည်!

လာစမ်းပါ ! လေပြင်းကို ရင်ဆိုင်မယ်! စိတ်မမှန်တဲ့သူ!

စုရွမ်ရွမ်သည် လုရှီမင်ဘယ်ဘက်သို့ အရင် လျှောက်သွားလိုက်တော့ အမျိုးသားက အရပ်မြင့်လွန်းတယ်ဟု ခံစားရသည်။

ထို့နောက် သူမ လုရှီမင်ရဲ့ ညာဘက်သို့ လျှောက်သွားတော့လည်း အမျိုးသားက အရပ်မြင့်လွန်း နေသေးတယ်ဟု ခံစားရ၏။

ကိစ္စမရှိဘူး၊ သူက အနာဂတ်မှာ ခါးကုန်းသွားနိုင်တယ် !

သူမရဲ့ အခွင့်အာဏာကို ချက်ချင်းပြသရန်အလို့ငှာ စုရွမ်ရွမ်သည် လက်ချောင်းလေးကို ဆန့်ထုတ်လိုက်ပြီး လုရှီမင် လက်မောင်းကိုထိုးလိုက်ကာ အဓိပ္ပာယ်ပြည့်ဝစွာ ပြောလိုက်သည်။"သွား၊ ကျွန်မအတွက် နှင်းလူသားလုပ်ပေး"

ငါက နည်းနည်း လူဆိုး ဆန်နေမယ်ဆိုတာ ငါသိတယ်။

အနာဂတ်ကျရင် ပိုပြီး လူဆိုး ဆန်လိမ့်မယ်! ဟီးဟီး ဟီး

လုရှီမင်သည် သူမကို ငုံ့ကြည့်လိုက်၏။

မိန်းမငယ်လေးက အရည်လဲ့သော မျက်ဝန်းများဖြင့် ကြည့်နေပြီး သူမမျက်တောင်များက ညွှတ်ကျနေကာ သူမရဲ့ ဖြူဖွေးသောမျက်နှာက အနီရောင်အလွှာတစ်ထပ်ရှိနေသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now