/37/

2.7K 472 20
                                    

Unicode

လူငယ်လေးက အိပ်ရာပေါ် ပုံလျက်သား လဲကျသွားတော့၏။

ရင်းနှီးတဲ့မွေးရနံ့လေးက သူ့ရဲ့အသက်ရှူသည့်လေထဲသို့ စိမ့်ဝင်လာသည်။

မျက်လုံးမှိတ်ထားရင်း သူ့မျက်နှာကို ထိုထဲမြှုပ်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး.. ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ခွေခေါက်နေလိုက်သည်။ သေခါနီးဆဲဆဲ သနားစရာ ကြောင်လေးကဲ့သို့ပင်။

မိနစ်အနည်းငယ် ကြာပြီးနောက် လူငယ်လေးက ရုတ်တရက် ထရပ်ကာ အိမ်အပြင်သို့ ခြေဗလာဖြင့် ပြေးထွက်သွားလေသည်။

သူမကိုရှာမယ်။ သူမကို ရှာရမယ်။

နွေရာသီညတွင် ငြိမ်းချမ်းသော ငှက်ကလေးက ပုန်းကွယ်နေသည်။

အရာရာတိုင်းက အတော်လေး တိတ်ဆိတ်လို့နေ၏။

လူငယ်လေးက ခြေဗလာဖြင့် တောင်တွေ၊ စိုက်ခင်းတွေကြား ဖြတ်ပြေးနေသည်။ အနက်ရောင်ဆံပင်များက လှန်တက်နေပြီး စိတ်သောကရောက်နေသော မျက်နှာလေး ပေါ်လွင်နေ၏။

သွားနိုင်သမျှ နေရာအနှံ့ ပြေးသွားခဲ့သည်။

မရပ်မနား ပြေးလွှားနေ၏။

သူသည် တောအုပ်ကိုဖြတ်ကာ ဆင်ခြေလျှောကို ကယိုင်ကထိုး ဆင်းပြီးနောက် နောက်တစ်ကြိမ်ထပ်တက်သည်။

စိုစွတ်သောမြေကြီး၊ ချွန်ထက်သော ကျောက်တုံးများ၊ ထက်ရှရှ အရွက်များက အရေပြားကို ဖြတ်တောက်မတတ်ပင်။

သူ့ရှေ့ဆက်မသွားဖို့ မည်သည့် အရာကမှ တားဆီးလို့မရ။

တောင်ကုန်းထိပ်တွင် မတ်တပ်ရပ်နေပြီး အမြင့်ဆုံးသစ်ပင်ကို ရှာကာ ခက်ခက်ခဲခဲ တက်လိုက်သည်။

ဒါက ပထမဆုံးအကြိမ် သစ်ပင်တက်ဖူးခြင်းဖြစ်၏။

သူ မတက်ဖူးသော်လည်း စိတ်အားထက်သန်မှုကြောင့် လျှင်လျှင်မြန်မြန်တက်လိုက်သည်။

နောက်ဆုံးတော့ အမြင့်ဆုံးကို တက်နိုင်ခဲ့ပြီး ရွာကိုမြင်ခဲ့သည်။အလင်းရောင်ကို မြင်ခဲ့သည်။ ကြာကန်လေးကို မြင်ခဲ့သည်။ ကြာကန်ထဲတွင် အဖြူရောင်တောက်နေသော အရိပ်လေးတစ်ခု ရှိနေ၏။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Tahanan ng mga kuwento. Tumuklas ngayon