/19/

3.2K 547 10
                                    

🍁 Unicode 🍁

ဟိုပီက နီးယန်ကို အနည်းငယ် မနာလိုဖြစ်မိသော်လည်း သူတို့သာ တကယ်တိုက်ခိုက်ပါက သူရှုံးလိမ့်မယ်လို့ မတွေးထားပေ။

ပြီးတော့လည်း သူက ယခုထိ မိုးကြိုး လျှပ်စီး အမြုတေရဲ့ အရသာကို မမြည်းစမ်းရသေးပါ၊ အဲ့ဒါက ဘယ်လိုအရသာ ရှိပါလိမ့်...

ဟိုပီက သူ့မျက်နာပေါ်တွင် လောဘတကြီးအမူအရာနှင့်အတူ နီးယန်ကို စိုက်ကြည့်နေ၏။

ဟိုပီ၏ အလိုတကြီး မျက်နှာနှင့် ရင်ဆိုင်ရတော့ နီးယန်မှာ နောက်ကြောင်း ပြန်ဆုတ်မိသွားသည်။

သူမမျက်လုံးများမှာ သူမရှေ့ရှိ ပျံသန်းနေသော နှင်းများနှင့် သန်မာသော လေများ၏ ဆွဲဆောင်ခြင်းခံနေရသည်။

နီးယန်က လျှို့ဝှက်စွာ ရေရွတ်လိုက်၏" ကျောက်မီးသွေးနယ်မြေရဲ့ ခေါင်းဆောင်လို့ မပြောရဘူး၊ စွမ်းရည်က အရမ်းပြည့်တာပဲ"

သူမ၏ခွန်အား အားလုံး အသုံးပြုပြီး တိုက်ခိုက်မယ်ဆိုရင်တောင် ဟိုပီ ကို အစွန်အဖျားသာလျှင် တိုက်ခိုက်နိုင်မှန်း နီးယန် သိပါသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်မီးလျှံများ တောက်လောင်နေပြီး မျက်လုံးတွေနီရဲနေတဲ့ ကျူးယန်ကို သူမ ထိန်းချုပ်လိုက်ပြီး အလျှော့မပေးစွာဖြင့် သူမက လူတွေကို ဆွဲသွားကာ လုရှီမင်နှင့် စုရွမ်ရွမ်တို့ကို လမ်းတစ်လျှောက် နောက်ကြောင်းပြန်ဆုတ်စေလိုက်သည်။

"မင်း သူ့ကို ရိုက်နိုင်မှာ မဟုတ်ဘူး" နီးယန်က ကျူးယန်ကို တင်းကျပ်စွာ ဆွဲထားလိုက်သည်။သူ့ကို သွားပြီးအသေခံဖို့ လွှတ်မထားနိုင်ပေ။
ထို့နောက် တစ်ခြား ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ "ပြေး!"

နီးယန်က ချက်ချင်းပဲ ကျူးယန်ကိုခေါ်ကာ ‌ပြေးတော့သည်။

စုရွမ်ရွမ်ကတော့ ဟိုပီဆီသို့ ပြေးနေလေသည်။

နီးယန် ကျိန်ဆဲလိုက်တော့၏"အရူးမ၊ နင်က ဘယ်ငရဲကို သွား‌နေတာလဲ?"

နီးယန် ကျိန်ဆဲပြီးလျှင် ပြီးချင်းပဲ သူမဟာ သတ္ထု‌လှောင်အိမ်နဲ့ ပတ်ရံခံလိုက်ရသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now