/50/

4.3K 407 25
                                    

"မင်း မင်းက ..."

ကျူးယန်၏ မူးဝေခြင်းမှာ လုံးဝ နိုးထသွားတော့သည်။

သူ့ရှေ့ကလူကို ကြည့်ပြီး သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေတော့သည်။

အရမ်းသန်မာလွန်း၏။

ဒီလူရဲ့ စွမ်းအားက အရမ်းသန်မာလွန်းသည်။

လုရှီမင်သည် ကျူးယန်အား ခွကျော်ကာ ရှေ့ကို လျှောက်သွားလိုက်၏။

ရုတ်တရက် ရဲတိုက်ထဲရှိ အချက်ပေးခေါင်းလောင်းသံများ ကျယ်ကျယ်လောင်လောင် မြည်လာခဲ့သည်။

သဘာဝလွန် စွမ်းအားရှင်အားလုံး ထွက်ပေါ်လာကြ၏။

သူတို့ဟာ ကြမ်းပြင်ပေါ် လဲလျောင်းနေတဲ့ "နတ်ဘုရားမ " ရုပ်အလောင်းကို မြင်တော့ ထိတ်လန့်တုန်လှုပ်သွားကြပုံပေါ်သည်။

"သူတို့က နတ်ဘုရားမကို သတ်ခဲ့တာ။"

"ဒီလူတွေက တကယ်ပဲ နတ်ဘုရားမကို သတ်ဝံ့တယ်ပေါ့ ! သူတို့က ကျိန်းသေပေါက် နတ်ဘုရားတွေဆီက အပြစ်ပေးခံရမှာ "သဘာဝလွန် စွမ်းအားရှင်များဟာ တရားမျှတသော မခံမရပ်နိုင်မှုအပြည့်နှင့်အတူ သူတို့၏ စွမ်းရည်များ ထုတ်လွှတ်ကာ ပြေးလာကြသည်။

သူတို့၏ စိတ်ထဲတွင် နတ်ဘုရားမသည် ကောင်းကင်ဘုံ ရှိနတ်ဘုရားမဖြစ်ပြီး သူတို့ နှလုံးသားထဲမှနေ သစ္စာစောင့်သိနေခဲ့သည်။

နတ်ဘုရားမကို သတ်သူအားကောင်းကင်ဘုံက လက်မခံပါ။

"သူတို့ကို သတ်၊ နတ်ဘုရားမအတွက် လက်စားချေကြ!"

အမျိုးသားက သူ့အိတ်စုတ်လေးထဲမှ ပုဆိန်ကို ထုတ်လိုက်ပြီး လက်ထဲ ဆုပ်ကိုင်လျက် လှပသော မက်မွန် ပန်းမျက်၀န်းများကို ကျဉ်းမြောင်းကာ ရှေ့တူရူသို့ မျက်လုံးပင့်ကြည့်လိုက်သည်။

သဘာ၀လွန် စွမ်းအားရှင်များဟာ စင်္ကြန်လမ်း ဆီမှ အပြေးရောက်လာကြသည်။

လုရှီမင်သည် ပါးလွှာသော နှုတ်ခမ်းထောင့်စွန်းအား မထီမဲ့မြင်အပြုံးချိတ်ဆွဲလျက် ပုဆိန်ကို ကိုင်ထား၏။

အမျိုးသားက လက်မြှောက်ကာ သေးငယ်ကျစ်လစ်သော ပုဆိန်လေးကို ပစ်လွှတ်လိုက်သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now