/17/

3.6K 569 23
                                    

🍁 Unicode 🍁

မြင်ကွင်းက အလွန်ပဲ ရှက်ဖွယ်ကောင်းနေ၏။

ထို့နောက် စုရွမ်ရွမ်က တာရှည်ခံ ကြက်ခြေထောက်နှပ်ကိုထုပ်ကို ထုတ်လိုက်ပြီး ဘေဘီရှောင်ကို အောင်မြင်စွာ ဖမ်းစားလိုက်သည်။

" အခြေစိုက်စခန်းကို ဝင်ဖို့ ပစ္စည်းတွေ လိုအပ်တယ်လေ၊ ငါတို့မှာ ကပစ္စည်းတွေမရှိဘူး၊ဒါကြောင့် ငါတို့ လုပ်နိုင်တာ..."

ရှောင်ယွီက အရှက်ရစွာ ရပ်နေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ကပ်နေသော မြက်များကို ပုတ်ထုတ်နေသည်။ထို့နောက် ဘေဘီရှောင်၏ ငုံ့နေသော ခေါင်းပေါ်က ဦးထုတ်ကို ဖိလိုက်သည်။

စုရွမ်ရွမ်က နားလည်မှုဖြင့် ခေါင်းညိတ်လိုက်၏။

ရှောင်ယွီ ပြောလိုက်သည်: " အင်း၊ အဆင်ပြေရင် ငါတို့ အရင်သွားနှင့်တော့မယ်...."

"စုရွမ်ရွမ်!လုရှီမင်!နင်တို့နှစ်ယောက် အမယ်အိုကြီးဆီကို ချက်ချင်း ပြန်လိမ့်ခဲ့စမ်း...Aha~"

နီးယန် ရှောင်ယွီကိုတွေ့လိုက်တော့ သူမမျက်လုံးများ တောက်ပသွားသည်။ဝံပုလွေက အသားကို တွေ့လိုက်သကဲ့သို့ ပင်။

သူမက ရှေ့ကို တိုးဝှေ့ရောက်လာပြီး ရှောင်ယွီကို ညင်ညင်သာသာ ကြည့်လိုက်ကာ သူမ လေသံက ရုတ်တရက် နူးညံ့သွားလေ၏။"ကပ္ပတိန်ရှောင်"

စုရွမ်ရွမ်: ...

"ရှင်ဘာကြောင့် ဒီမှာရှိနေတာလဲ?အိုး ဘေဘီ ရှောင်လည်း ဒီမှာရှိနေတာပဲ၊ အိုး ဟီးဟီး ~ "

" ဟုတ်တယ်..."

ရှောင်ယွီက သိသိသာသာကို ရှက်နေခဲ့သည်။

နီးယန် ပြောလိုက်သည်။:"ကပ္ပတိန်ရှောင်၊ ရှင်ဘယ်နေရာမှာနေတာလဲ?ကျွန်မ ရှင့်ကို ပြန်ပို့ပေးမယ် ၊ ညဉ့်နက်နေပြီ၊ ကလေးကို ခေါ်သွားဖို့က မလုံခြုံဖူးလေ"

စုရွမ်ရွမ်က နီးယန်၏ တောက်ပသော မျက်နှာကို ကြည့်လိုက်ပြီး ရှက်နေတဲ့ ရှောင်ယွီကို ကြည့်လိုက်ကာ ဒီအမျိုးသမီး ဒီနေရာမှာရှိနေတာက မလုံခြုံဆုံး အကြောင်းရင်းဖြစ်နေပြီဟု ခံစားနေရသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now