/14/အဆက်

3.4K 582 13
                                    

🍁 Unicode 🍁

စုရွမ်ရွမ်ထက် နီးယန်က ပိုပြီးတော့ စိုးရိမ်နေသည်။

သူမတွေးတောနေ၏။ကုသန်းသာ သူတို့က ကုန်ကြမ်းဆီခိုးနေတာကို ရှာတွေ့ခဲ့ရင် သူတို့ကို သတ်ဖို့ ဘဲငန်းခိုးတယ်ဆိုတဲ့ ဆင်ခြေကိုသုံးလောက်မလား?

ခဏလောက်တော့၊ လူတိုင်းမှာ ကြောက်လန့်နေကြ၏။

နီးယန် ပြောလိုက်သည် "လုရှီမင်၊ နင် ငါနဲ့ အပြင်ထွက်ရမယ်"

ချက်ချင်းဘဲ တစ်စုံတစ်ယောက်က နီးယန်ကို ရပ်တန့်ဖို့ ရှေ့ထွက်လာပြီး ထက်ရှသောအသံဖြင့် "မင်းက တစ်ယောက်ထဲ ထွက်ပြေးချင်လို့လား"

နီးယန်၏ မျက်နှာက အေးစက်နေပြီး "ငါက ကုန်ကြမ်းဆီ နေရာသွားရွှေ့မလို့၊ဘာလို့လဲ၊ မင်းကငါနဲ့သွားချင်လို့လား?"

ထိုလူက တောင့််တင်းသွား၏။

အခု သူ နီးယန်နဲ့ အတူ ဆီနေရာရွှေ့ဖို့ အပြင်ထွက်သွားခဲ့ရင် တကယ့် သူခိုးဖြစ်လိမ့်မယ်။

ဒါပေမယ့် သူမကိုယ်တိုင်ကိုသာ နေရာသွား ရွှေ့ခွင့် ပြုလိုက်ရင် သူမကို ရှာတွေ့သွားခဲ့ရင်တောင် သူတို့က တာဝန်ခံတာကို လွှဲရှောင်နိုင်ပြီး သူတို့မသိပါဘူးလို့ ပြောလို့ရတယ်။

ဒီကိစ္စမှာ ကုန်ကြမ်းဆီနယ်မြေ ခေါင်းဆောင်က သူတို့ကို ခွင့်လွှတ်မလားဆိုတာတော့ ငါမသိဘူး။

ဒါမှမဟုတ် သူတို့က တိုက်ရိုက်သွားပြီး ဖော်ထုတ်နိုင်......

"မင်း ဘာတွေတွေးနေလဲဆိုတာ ငါမသိဘူး ထင်နေလား"နီးယန် ရုတ်တရက် ထက်ရှပြတ်သားစွာ ပြောလာ၏ "မင်းပါးစပ်ကို ဂရုစိုက်နေပါ၊ ငါတို့က အခုတစ်လှေထဲ စီးတွေပဲ၊လှေမြုပ်သွားရင် မင်းတို့က လွတ်မြောက်လိမ့်မယ်၊ မပါဝင် လောက်ဘူးလို့ ထင်နေတာလား?"

လူတိုင်းက တောင့်တင်းသွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။သူတို့က ချက်ချင်းဘဲ လောင်းကြေးကိုနားလည်သွားခဲ့ပြီး စကားပြောဖို့ မရဲဝံ့ကြတော့ပေ။

နီးယန် သတိပေးပြီးနောက် လုရှီမင်ဘက်သို့လှည့်ကာ ပြောလိုက်သည် "လုရှီမင်၊ သွားမယ်"

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Hikayelerin yaşadığı yer. Şimdi keşfedin