/6/

4K 628 22
                                    

🍁 Unicode 🍁

စုရွမ်ရွမ် သူမလက်များကို ဆန့်ထုတ်ပြီး အပြေးအလွှားမသွားရသေးခင် သူမလည်ပင်း နောက်မှ ဖမ်းကိုင်ခြင်း ခံလိုက်ရသည်။

အဲဒါဘယ်သူလဲ! သူမရဲ့လည်ပင်းလေးကိုညှပ်ထားတယ်၊စုရွမ်ရွမ်လှည့်ကြည့်လိုက်သည်။

လုရှီမင် ၊သူဘယ်အချိန်တည်းက သူမနောက်မှာ ရပ်နေတာလဲ မသိခဲ့ပေ။ အဲ့အချိန်မှာဘဲ သူ သူမအား ကော်လံကနေပြီး နောက်ပြန်ဆွဲသွားသည်။နူးညံ့သော မျက်နှာအမူအရာဖြင့် တရွတ်တိုက် ဆွဲသွားသည်။

ဆွဲသွားနေစဉ်မှာဘဲ သူပြောလာသည် "ရွမ်ရွမ်၊ ကိုယ်အခု ဆေးဆိုင်ကို သွားမလို့၊ အတူသွားရအောင်၊ မင်းဒီမှာ တစ်ယောက်ထဲရှိနေရင် ကိုယ်စိတ်မချဘူး"

သူမအလိုမရှိပေမယ့် သူမ၏ခုခံမှုက အသုံးမဝင်ပေ။ထို့ကြောင့် စုရွမ်ရွမ်မှာ အပြင်သို့ တရွတ်တိုက် ဆွဲသွားခြင်း ခံလိုက်ရသည်။

ကြီးမားတဲ့ စူပါမားကပ်ကနေ ဆေးဆိုင်ကို ဆယ်မိနစ်သာလျှင် လမ်းလျှောက်သွားရသည်။ဖြတ်သွားရန် လမ်းငယ်လေးများရှိသည်အား သူမသိသောကြောင့် နီးယန်းက ကားနဲ့သွားဖို့အကြံမပြုခဲ့ပေ။

ဟိုင်းဝေးလမ်းကြီးပေါ်တွင် ဇွန်ဘီများနှင့် မျက်နှာချင်းဆိုင်ပြီး ဘမ်ပါကားများနှင့် ကစားရန်နှင့် နှိုင်းယှဉ်လျှင် ဇွန်ဘီမရှိသော လမ်းငယ်လေးပေါ်မှ လမ်းလျှောက်သွားရန်က ပိုကောင်းသည်။
လူတိုင်းသဘောတူကြသည်။

"ကျွန်မ သဘောမတူ....."
လုရှီမင် စုရွမ်ရွမ်၏လက်လေးအား ဖိချလိုက်သည်။ စုရွမ်ရွမ် သဘောတူဖို့ဖိအားပေးခံလိုက်ရပြီး သူမမျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲသောမျက်နှာအမူအရာနှင့်အတူ ခွေးပေါက်လေးနှင့် ဇွန်ဘီ ခွေးအား ကိုင်ထားသည်။

နီးယန်ဘက်တွင် လုရှီမင် ၊စုရွမ်ရွမ်၊ ဝမ်းကန်နှင့် သူ့နောက် လိုက်နှစ်ယောက်တို့ ပါဝင်သည်။စုစုပေါင်း လူခြောက်ယောက်နှင့် ခွေးနှစ်ကောင်မှာ လမ်းကြားထဲတွင် လူစုလူဝေးဖြစ်နေသည်။

စုရွမ်ရွမ် သူမ၏ ချစ်လှစွာသော ဇွန်ဘီ သူငယ်ချင်းများပျောက်ဆုံးသွားခဲ့ကာ ဗလာဖြစ်နေသော လမ်းကြား အား ကြည်နေခဲ့သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now