/7/အဆက်

3.9K 603 29
                                    

🍁 Unicode 🍁

ထိုအမှုန့်များမှာ သံမှုန့်များဖြစ်ကြသည်။

နီးယန်၏ လက်ရှိစွမ်းအားအရ ထိုစွမ်းအားမှာ လျှပ်စစ်လျော့ရိုက်ချောင်း တစ်ရာအထက်၌ရှိသည် ။လူတွေကို တစ်ခါတည်းကျရှုံးသွားအောင် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်ရမည် ။

သူမသာလျှင် ထိုသို့ဖြစ်အောင်လုပ်နိုင်သည်။

လျှပ်စီးက မသန်မာပေမယ့် သံမှုန့်များ၏သက်ရောက်မှုမှာ ကား‌တစ်စီးလုံးကိုပြန့်ကျဲသွားလေသည်။အထဲမှ လူတွေအား လှုပ်ရှားမှု ချက်ချင်းရပ်တန့်သွားအောင် ပြုလုပ်နိုင်သည်။

၎င်းမှာ ရက်စက်တဲ့တိုက်ပွဲတစ်ခုဖြစ်ပေမယ့် ယခုတော့ ဖိနှိပ်မှုတစ်ခု ဖြစ်လာလေသည်။

နီးယန်က သစ်သားချောင်းတစ်ခုကို ကိုင်ထားပြီး အရင်ဆုံး ဝမ်းကန်ကို ကားပြင်ထုတ်လိုက်ပြီးနောက် လုရှီမင်ကို Audi ထရော်လီကားလေးအား ပြန်ထုတ်ပေးဖို့တောင်းဆိုလိုက်သည်။

"ရှင်ဘာလုပ်မလို့လဲ?"စုရွမ်ရွမ် ထူးဆန်းစွာ မေးလိုက်သည်။

"ဟမ့်" နီးယန်က နှာမှုတ်လိုက်ပြီး "တခြားသူတွေက မကြင်နာတက်ရင် ငါကလည်း ဖြောင့်မတ်မနေဘူး"

ဝမ်းကန်အား ထိုဇိမ်ခံကားတွင် ချည်နှောင်လိုက်သည် ။နီးယန် အစောပိုင်းပညာရေးဂီတအား ဖွင့်လိုက်ပြီး ထိန်းချုပ်တဲ့ခလုတ်ကနေ အပြင်ကိုပို့ပေးလိုက်သည်။ ကားမှာ ဇွန်ဘီများကိုဆွဲဆောင်ရန် လမ်းတစ်‌လျှောက်မောင်းနင်သွားသည်။

စုရွမ်ရွမ်: တကယ့်ကို အဆိပ်အပြင်းဆုံး အမျိုးသမီးသူရဲကောင်းဘဲ။

ဝမ်းကန်မရှိလျှင်တောင် လက်နက်ကိုင်ကားပေါ်တွင် လက်နက်ကိုင်စစ်သားအုပ်လိုက်ကြီးရှိနေဆဲဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာနှောင့်နှေးနေသော အရူးနှင့် သွမ့်ကျန်းမှာ ကောင်းကောင်းသတိမရသေးပေ။

"ဒီလူတွေကကော?"

နီးယန် ခဏလောက်တွေးဆလိုက်ပြီး ကားတံခါးအား တင်းတင်းကျပ်ကျပ် ပိတ်လိုက်သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now