/22/

3.3K 589 78
                                    

🍁 Unicode 🍁

နီးယန်က သူမ မထွက်ခွာမီ လုရှီမင် Spaceထဲက ရိက္ခာပစ္စည်းများကို ကျောက်မီးသွေးနယ်မြေတွင် ချန်ပေးထားခဲ့သည်။

ထို့ကြောင့် မြောက်ပိုင်း အခြေစိုက်စခန်းသို့ သွားရာလမ်းတွင် သူတို့အတွက် ရိက္ခာဆက်လက်စုစောင်းဖို့ လိုအပ်ပေ၏။

"မြို့ကြီးထဲက ဟိုင်းဝေးလမ်းပေါ်မှာက ဇွန်ဘီတွေအများကြီး ရှိတယ်။ မလုံခြုံလောက်ဘူး။ ငါတို့ မြို့အပြင်ဘက်လမ်းက သွားကြတာပေါ့။ အဲ့နားမှာ ကျေးလက်ကုန်စုံဆိုင်ကြီးတစ်ခုရှိတာ ငါသိတယ်"

မြို့အပြင်ဘက်လမ်းသို့ ဦးဆောင်သွားစဉ် နီးယန်က ရှောင်ယွီနဲ့ အလှည့်ကျ မောင်းဖို့ ဆုံးဖြတ်လိုက်သည်။ လမ်းအတိုင်း ဆက်သွား၍ အကြီးဆုံး စူပါမားကပ် ကို ရှာလိုက်ကြ၏။

တစ်နေ့နဲ့ တစ်ည မောင်းနှင်ပြီးနောက် လမ်းတွင် ဇွန်ဘီအနည်းနှင့် သာ ဆုံစည်းခဲ့၏။ ဇွန်ဘီအားလုံးကို နီးယန်က သူမရဲ့ မိုးကြိုးလျှပ်စီး စွမ်းရည်ဖြင့် ဖြေရှင်းခဲ့လိုက်သည်။

နီးယန်ရဲ့စွမ်းရည်မှာ ယခုတွင် သန်မာသည်ထက် သန်မာလာခဲ့၏။သူမက တကယ့်ကို အမျိုးသမီး သူရဲကောင်း တစ်ယောက်ပါပင်။

နီးယန်က ဇွန်ဘီတွေကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူမက ခေါင်းလှည့်လိုက်ပြီး သူမဘေးမှာ ထိုင်နေတဲ့ ရှောင်ယွီကို ရှက်သွေးဖြန်းနေတဲ့ မျက်နှာနဲ့ လှည်ကြည့်လိုက်ပါသည်။ထို့နောက် ကား နောက်ကြည့်မှန်မှတစ်ဆင့် အမည်မဖော်နိုင်သော ပစ္စည်းများကို တွေ့လိုက်ရ၏။

"စုရွမ်ရွမ်၊နင်ဘာလုပ်နေတာလဲ?"

စုရွမ်ရွမ်က တိုးတိုး တိုးတိုး ပြောလာသည်။" ဒါလျှပ်စီးတံလေ။ ရှင်လည်း တစ်ခုလောက် လိုချင်လား?"

စုရွမ်ရွမ်က သူမခေါင်းမှ လျှပ်စီးတံ တစ်ခုကို ဆွဲထုတ်လိုက်ပြီး နီးယန်ကို ပေးလိုက်၏။

နီးယန်က သွားကြိတ်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။"မလိုဘူး။ကျေးဇူးပဲ"

"ကျေးဇူးတင်ဖို့မလိုပါဘူး" စုရွမ်ရွမ်က ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ပြောလိုက်၏။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now