/2/အဆက်

5.2K 678 15
                                    


🍁 Unicode 🍁

နီးယန် သူတို့အား လုံးဝ ကယ်မသွားချင်ပါ။

ဒါပေမယ့် အမျိုးသားက ရုတ်တရတ် စကားပြောလာမယ်လို့ မမျှော်လင့်ထားပေ။"ကျွန်တော့်မှာ ထောက်အပံ့ထားလို့ရတဲ့ နေရာလွတ်တစ်ခု ရှိတယ်။"

နီးယန် ခဏရပ်သွားပြီးနောက် ကားတံခါးအား စောင့်ပိတ်လိုက်သည်။

"ကားထဲဝင်"လုရှီမင် ကစုရွမ်ရွမ် အား ဖက်ထားပြီး ဖြည်းညင်းစွာဘဲ ကားထဲဝင်လိုက်သည်။မသိရင် သူတို့နှစ်ယောက် အဝေးကို ထွက်သွားပြီလို့ ထင်လိမ့်မည်။

"နင်တို့ မြန်မြန်လုပ်"
ကြမ်းတမ်းတဲ့ အမျိုးသမီးသူရဲကောင်း အွန်လိုင်းတက်လာသည်။

စုရွမ်ရွမ်က ချက်ချင်း ကားထဲဝင်လိုက်သည်။

"ကျွန်မတို့ ဘယ်လိုထွက်မှာလဲ"

စုရွမ်ရွမ်က နူးညံ့စွာ မတ်မတ်ထိုင်လိုက်ပြီး သူမ၏ လှပပြီး သေးငယ်သော မျက်နှာအား မြင့်လိုက်ကာ ကားပြတင်းပေါက်ဘေး အပြင်ဘက်တွင် လှဲလျောင်းနေသော ဇွန်ဘီများနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။

"ငါ့မှာ နည်းလမ်းရှိတယ်"နီးယန် က ဘယ်ကမှန်းမသိ ထုတ်လာသော စပီကာကြီးတစ်ခုအား ရှေ့သို့ ပစ်ချလိုက်သည်။

စပီကာကြီးမှာ မြေပြင်နှင့်ရိုက်မိပြီး အသံများ ပွင့်လာသည်။

"မားမာ၊ ချိုတဲ့အာလူးပြုပ် စားချင်လား~အတုံးကြီးကြီးလေးတွေ တုံးပြီ စားမယ်! အရသာရှိတယ် ~ချိုတယ် ~ချိုတဲ့ အားလူးပြုပ်~~"

ဇွန်ဘီတွေက ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။

ချိုတဲ့အားလူးပြုပ်အတွက် သူတို့မှာ ပျော့ကွက် ရှိပုံရသည်။ ဟွန်းပတ်ပတ်လည်မှ ဇွန်ဘီအုပ်ကြီးသည် အပြင်းအထန် ဆွဲလွဲကြတော့သည်။

ရုတ်တရတ် ဇွန်ဘီများ မရှိတော့သော ကုန်လှောင်ရုံအား ကြည့်နေသည့် စုရွမ်ရွမ်: ဝမ်းနည်းစရာဘဲ။

နီးယန် ရှင်းပြသည်:"ဇွန်ဘီတွေက အမြင်အာရုံ မကောင်းဘူး။သူတို့်က အကြားအာရုံ တစ်ခုတည်းပေါ်မှာဘဲ မှီခိုအားထားတာ။ပြီးတော့ သူတို့ သားကောင်ရဲ့ အနံ့ကိုလည်း ခွဲခြားနိုင်တယ်"

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now