/15/အဆက်၁

3.6K 576 12
                                    

🍁 Unicode 🍁

အချမ်းသာဆုံး၊ အခိုင်ခံ့ဆုံးနှင့် မလွှမ်းမိုးနိုင်ဆုံးသော လူတစ်ယောက်အဖြစ် ကုန်ကြမ်းဆီနယ်မြေတစ်ခုလုံးကို စိုးမိုးခဲ့သော ကုသန်းမှာ အလှလေးအား တစ်ညလုံး ရှာဖွေခဲ့သော်လည်း သူ့ရဲ့အလှလေးအား ရှာမတွေ့ခဲ့သောကြောင့် မပျော်မရွှင် ဖြစ်နေ၏ ။

ကုသန်းက စိတ်မပါဖြစ်နေသည်။

သူက ကုန်ကြမ်းဆီနယ်မြေကို ပိတ်ဖို့အမိန့်ပေးလိုက်၏။ဝင်ပေါက်သာလျှင်ထားပြီး ထွက်ပေါက်မရှိပေ။

တခြားအခြေစိုက်စခန်းမှ စွမ်းအားရှင်နှစ်ယောက်မှာ အလွန် မကျေမနပ် ဖြစ်‌ေနတော့သည်။

ထိုစွမ်းအားရှင်နှစ်ယောက်၏ ဒေါသကို ပြေငြိမ်းစေရန် အလို့ငှာ ကုသန်းက အထူးစားသောက်ပွဲ တည်ခင်းဧည့်ခံကျင်းပလေသည်။

သူက ကုန်ကြမ်းနယ်မြေရှိ လှပသောအမျိူသမီးများဖြစ်သည့် သူ့ရဲ့သန္ဓေဆောင် မိခင်များကို ပြသလာသည်။

ဒါက သဘောထားကြီးမှု ဟုဆိုနိုင်ပြီး စွမ်းရည်နှစ်ခုရှိသ၍ ကြိုက်နှစ်သက်သည့် မည်သည့်တစ်ယောက်ကိုမဆို ချက်ချင်းခေါ်သွားနိုင်သည် ။

ထိုစွမ်းအားရှင်နှစ်ယောက်မှာ ကုသန်းက အလှလေးများအား စုစောင်းသည့် အလေ့အကျင့်ရှိသည်ကို သိပြီးဖြစ်သည်။ သူ့လက်အောက်ရှိ သန္ဓေဆောင်မိခင်များမှာ လှပသည်ထက် လှပကြပြီး မယုံနိုင်ဖွယ်ရာ အလှတရားများရှိကြသည်။

ချက်ချင်းကို ဝေဖန်လေကန်ခြင်းများ မပြုကြတော့ဘဲ၊သူတို့က တည်ခင်းဧည့်ခံပွဲ ဆင်နွှင်ဖို့ရန် စောင့်ဆိုင်းနေကြတော့သည်။

ကျောက်မီးသွေးနယ်မြေက အားနည်းတဲ့ကြက်ကလေးများဖြစ်တဲ့ လုရှီမင် နှင့် စုရွမ်ရွမ်ကတော့ ပါဝင်ဝင်နွှဲဖို့ အရည်အချင်းမပြည့်မီကြချေ။

ဒါပေမယ့် ဝမ်ရွှီရွှီက သူတို့ကိုရှာဖို့တစ်ယောက်ယောက်ကို လွှတ်လိုက်၏။

သူတို့အား လွတ်မြောက်ခြင်းမှ တားဆီးရန်အတွက် ထိုသူတို့က အထူးကြပ်မတ် စောင့်ကြည့်နေပြီး တည်ခင်းဧည့်ခံပွဲအချိန် ကျရောက်သောအခါ သူတို့ကို ဆိုင်းငံ့ထားကြသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now