/22/အဆက်

3.3K 569 47
                                    

🍁 Unicode 🍁

စုရွမ်ရွမ်က နှလုံးနာကျင်မှုနဲ့အတူ ဇွန်းကို သူမပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

သစ်တော်သီးထွက်သွားတော့ သူမ ခေါက်ဆွဲပြုပ်စားဖို့ အပြေးသွားလိုက်၏။

ရုတ်တရက် အလွန်အမင်းကျယ်လောင်တဲ့ ခပ်အုပ်အုပ် မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာသည်။

လူတိုင်းရဲ့မျက်လုံးအကြည့်များက စုရွမ်ရွမ်ဆီသို့ စုပြုံရောက်သွားကြ၏။

စုရွမ်ရွမ်က ရိုးသားဖြူစင်သူဖြစ်ဖို့ ကြိုးစားလိုက်သည်။" ကျွန်မ မဟုတ်ဘူး၊ ကျွန်မ မလုပ်ဘူး၊ အဲ့ဒါ ကျွန်မ မဟုတ်ဘူး!"

"ဟုတ်ပါတယ်၊ အဲ့ဒါ ကျွန်မပါ၊ ရှင် ... နိုင် ၊ ရှင်တို့ ကျွန်မကို တစ်ခုခု ပေးနိုင်မလား?"

ထောင့်နားမှ မိန်းမတစ်ယောက် တွားသွားထွက်လာသည်။

အသက်သုံးဆယ် ဝန်းကျင်လောက်ရှိပြီး တံဆိပ်တောင် မဖြုတ်ရသေးတဲ့ ဂျာကင်အင်္ကျီကို ဝတ်ဆင်ထား၏။ အင်္ကျီက မော(လ်) ထဲမှ ယူလာခဲ့တာဖြစ်ကြောင်း မင်းသိနိုင်လိမ့်မည်။

ရှောင်ယွီ နီးယန်ကို လှည့်ကြည့်လိုက်၏။

နီးယန်က မျက်ခုံးပင့်ပြီး ပြောလိုက်သည်။"စားပါ"

"ကျေးဇူးတင်ပါတယ်၊ကျေးဇူးပါ ... "

အမျိုးသမီးက လမ်းတစ်လျှောက်လုံး တွားသွားလိုက်ပြီး သူမရဲ့ ညစ်ပတ်နေတဲ့လက်နဲ့ ခေါက်ဆွဲတွေကို ဆွဲယူလိုက်ပြီး သူမပါးစပ်ထဲ သိပ်ထည့်လိုက်သည်။

အနည်းငယ်ရှက်နေတဲ့ ရှောင်ယွီက ထိုအမျိုးသမီးအတွက် သူပြင်ဆင်ပေးထားတဲ့ တူနဲ့ ပန်းကန်ကို အဝေးမှာ ထားလိုက်တော့သည်။

ကံကောင်းစွာ သူတို့စားပြီးသွားပေလို့။ဒီခေါက်ဆွဲပြုပ်အိုးကိုတော့ ဒီအမျိုးသမီးကို ‌ပေးလိုက်တော့မည်။

ထိုအမျိုးသမီးက ခေါက်ဆွဲပြုတ် စားပြီးသွားတော့ သူမလက်ကို လျှာနဲ့လျပ်လိုက်ကာ သူမ အခြေအနေကို ရှင်းပြလာ၏။

"ကျွန်မရဲ့ မျိုးရိုးနာမည်က ဖန်၊ နာမည်က မိုင်း ပါ" ဖန်မိုင်းက ရွာသူတစ်ယောက်ဖြစ်ပြီး ဒီနှစ်အသက်သုံးဆယ်ရှိပြီ ဖြစ်သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now