/29/

3.3K 479 35
                                    

Unicode

အရက်မူးနေတဲ့ကောင်မလေးဟာ နောက်ဆုံးတော့ အိပ်ပျော်သွားသည်။

လုရှီမင်က အိပ်ရာအစွန်းတွင် ထိုင်ပြီး သူမကို ငုံ့ကြည့်နေ၏။

မိန်းမငယ်လေးရဲ့ ပါးများနီရဲနေပြီး သူမ အသက်ရှူသံက တည်ငြိမ်နေကာ သနားစရာကြောင်လေးကဲ့သို့ ကောင်းကောင်းပြုမူ၍ ကွေးကွေးလေး နေ,နေ၏။

သူမ နေ့တိုင်း အများကြီးစားနေပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးက ပိန်ပါးသေးသွယ်လွန်းနေဆဲပင်။

ဘေးနားမှာ ရပ်နေတဲ့ နီးယန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။"သူမမှာ ကိုယ်ဝန်မရှိဘူးဆိုတာ နင်ဘယ်လိုသိလဲ?"

အမျိုးသားလက်က သူမရဲ့နူးညံ့သောပါးကို ညင်သာစွာထိလိုက်ပြီး ပါးပေါ်က အပူချိန်ကို စစ်ဆေးလိုက်လျက် သူ့နှုတ်ခမ်းပါးလွှာက စကားနှစ်လုံးထွက်ပေါ်လာသည်။"ယုံတယ်"

နီးယန်:ဟာ့!နင့်မျက်ကိုပဲ ယုံ!

မနေ့က သိသိသာသာကို တစ်ယောက်ယောက်က သူ့အပေါ် ဘဝပေါင်းများစွာ အကြွေးတင်နေသလိုမျိုး သူ့မျက်နှာက လုံးဝဥဿုံ ဝိုင်းဒိုင်းကြဲ ဒေါသထွက်နေခဲ့သည်လေ။

နီးယန်ရဲ့ ယုံကြည်မှု မရှိတဲ့ မျက်လုံးတွေကိုတွေ့ဝောာ့ လုရှီမင် ထပ်ပြောလိုက်သည်။:"ကမ္ဘာပျက်ကပ် စတည်းက သူမက ကျွန်တော်နဲ့ အတူ ရှိနေတာလေ၊ သူမမှာ ကိုယ်ဝန်ရှိနေတယ်လို့ပြောရင် အဲ့ဒါက ကမ္ဘာပျက်ကပ် မစခင်ကပဲ ဖြစ်လိမ့်မယ်"

နီးယန်က စဉ်းစားတွေးတောလိုက်ပြီး ခေါင်းညိတ်လိုက်၏။

ဒီအားနည်းတဲ့စုံတွဲက အချိန်တိုင်း အတူ‌ရှိနေကြပုံပဲ။

ရေချိုးခန်းကိုသွားရင်တောင် လက်ချင်းချိတ်ပြီး သွားမယ့် အမျိုးတွေ။

ဒီလိုတွေးပြီးတော့မှ သူမ အကြီးကြီး အဓိပ္ပာယ်ကောက်လွဲသွားကြောင်း နီးယန် ရုတ်တရက် ခံစားမိသွားသည်။

မင်းအမှားလုပ်မိရင် ဒါကို မှတ်မိနေရမည်ဖြစ်ပြီး မှာယွင်းကြောင်း ဝင်ခံရမည်။ နီးယန်ပြောလိုက်၏။"ငါ တောင်းပန်ပါတယ်၊ငါသေချာနားမလည်ခဲ့တာပါ ..."

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now