/21/အဆက်

3.4K 598 35
                                    

🍁 Unicode 🍁

သွမ့်ကျန်း၏ ကိစ္စများမှာ အဆုံးသတ်သို့ ရောက်ရှိလာသည်။

ကျောက်မီးသွေးနယ်မြေကို စီမံခန့်ခွဲရင်း နီးယန်မှာ သူမညီမ ဘယ်ဆီဘယ်၀ယ်မှာရှိသည်လည်းအား ရှာဖွေရသေးသည်။

စုရွမ်ရွမ်က ဇွန်ဘီခွေးနဲ့ ခွေးပေါက်လေးကို ခေါ်ကာ လုရှီမင် နှင့်အတူ ကျောက်မီးသွေးနေမြေထဲ ရည်ရွယ်မရှိ ရောက်တက်ရာရာ လမ်းလျှောက်သွားနေ၏။

ရှောင်ယွီက ရိက္ခာပစ္စည်းများကို လူတိုင်းအား ဖြန့်ဝေပေးနေသည်။

သူက အပြင်မှ ပစ္စည်းကောင်းများကိုလည်း ပြန်ယူလာခဲ့သည်။

"မိန်းကလေး စု၊ ကျေးဇူးပြုပြီး ဘေဘီရှောင်ကို ဂရုစိုက်ပေးပါအုံး"

မြင်ကွင်းထဲ၌ လူများစွာရှိနေပြီး ရှောင်ယွီက ဘေဘီရှောင်ကို စုရွမ်ရွမ်ဆီသို့ အပ်နှံလိုက်သည်။ဘေဘီရှောင်က သူ့နောက်တွင် ကြက်သနပ်ကို ဖြည်းဖြည်းချင်း ကိုက်ဝါးနေ၏။

စုရွမ်ရွမ်ဘေးနားတွင် နေချိန်ဆို ဘေဘီရှောင်က အတော်လေး တိတ်တဆိတ် နေတတ်ကြောင်း ရှောင်ယွီ ရှာတွေ့ထားသည်။ သူစိတ်ဆိုးရင်တောင်မှ မည်သည့်ရန်မူသော အပြုအမူမျိုးမှ မလုပ်ချေ။

"ကောင်းပါပြီ"

စုရွမ်ရွမ်က ဘေဘီရှောင်ကို ဖက်လိုက်ကာ ခွေးနှစ်ကောင်နဲ့အတူ ပြေးသွားတော့သည်။

ကျောက်မီးသွေးနယ်မြေမှာ ပြန်လည်၍ တည်ငြိမ်လာခဲ့၏။

သားရေတစ်ထပ်သာကျန်ရှိတော့တဲ့ ဇွန်ဘီခွေးလည်ပင်းပေါ်က လည်ပတ်ကို စုရွမ်ရွမ် ကြည့်လိုက်ပြီး အဲ့ဒါကို အသစ်လဲသင့် ၊ မလဲသင့် စဉ်းစားနေသည်။

သို့သော်လည်း ခွေးလည်ပတ်က ရှာတွေ့ဖို့ တအားခက်ခဲ၏။ ပြီးတော့လည်း ယခုအချိန်မှာ လူတွေတောင်မှ နှပ်မှန်အောင် မစားရတာကို၊ အိမ်မွေးသတ္တဝါကို ဘယ်သူကမွေးမှာလဲ?

စုရွမ်ရွမ်က ခွေးကိုခေါ်ပြီး အချိန်အကြာကြီး လျှောက်ခဲ့ပေမယ့် ခွေးလည်ပတ်ကို ရှာမတွေ့နိုင်သေးပေ။

ရုတ်တရက် သူမဘေးက ဇွန်ဘီခွေးက ထိုးဟောင်လာသည်။ အနားပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေကတော့ အဝေးကို ရွှေ့သွားကြ၏။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now