/10/

3.9K 629 94
                                    

🍁 Unicode 🍁

သားမွေးအင်္ကျီတွေဝတ်ထားတဲ့ ဒုတိယထပ်ကလူတွေ ပြန်ဆင်းလာတာကို ပထမထပ်ကလူတွေ မြင်သောအခါ သူတို့ မျက်နှာတွင် အံ့အားသင့်မှု အပြည့် ဖြစ်နေသည်။

လုရှီမင်၏ အနောက်မှ လူများက အထင်သေးတဲ့အပြုံးမျိုးပြုံးနေခဲ့သည်။

မင်းတို့လို လူ့ငတုံးတွေက ဘာသိမှာလဲ?

နီးယန် လုရှီမင်ကို အကြံပြုလိုက်သည် "နင်လည်း တစ်ခုလောက် ဝတ်သင့်တယ်မို့လား?"

လုရှီမင် ပြောလိုက်သည် "အဆင်ပြေပါတယ်၊ မင်းတို့ဘဲ ဝတ်ပါ"

လုရှီမင်၏အကြည် ကိုစုရွမ်ရွမ် နားလည်ခဲ့သည်။သူ့မျက်လုံးများက ပြောနေသည်က ဒီလိုဦးနှောက် မရှိတဲ့အရာတွေကို ငါဘယ်တော့မှ လုပ်မှာမဟုတ်ဘူး ဟူ၍။

စုရွမ်ရွမ်: ဟမ့်

အောက်ထပ်ရောက်တော့ အဖွဲ့မှာ အုပ်စုနှစ်စုကွဲနေသည်အား အံ့သြစွာတွေ့လိုက်ရသည်။

အဖွဲ့တစ်ခုမှာ ကျန်းရှု၏နောက်လိုက် လက်နက်ကိုင် စစ်သားများနှင့် ထောက်ချောက်စာ လူတစ်ချို့ဖြစ်ပြီး တခြားအဖွဲ့မှာ လုရှီမင် ဦးဆောင်သော သားမွေးအတုဝတ်ထားသူများအဖွဲ့ဖြစ်သည်။

လက်နက်ကိုင် စစ်သားများမှာ စက်ဝိုင်းတစ်ခုလိုမျိုး ကျန်းရှုဘေးတွင် ရပ်နေခဲ့သည်။

ကျန်းရှုက သူ့ခေါက်ဆွဲ နွယ်ပင်များအား ဝှေ့ယမ်းလိုက်ကာ လုရှီမင်အား ခက်ထန်သောအကြည့်ဖြင့် ကြည့်‌နေခဲ့သည်။

စုရွမ်ရွမ်မှာ ကျန်းရှုကဘာကြောင့် လုရှီမင်ကို ဒီလောက်တောင်မုန်းနေလဲဆိုတာ အတော့်ကို နားမလည်ပေ။

ဇာတ်လိုက်ရောင်ဝါကြောင့်များလား?

လုရှီမင်က ရှေ့ကိုခြေလှမ်းလှမ်းလိုက်ပြီး သူ့လက်ထဲမှ အထောက်အပံ့ပစ္စည်းများကို ထုတ်လိုက်သည်။

ကျန်းရှုပြောလိုက်သည် "ကားထဲမှာ သွားထား"

လုရှီမင်တစ်ယောက်ထဲ အပြင်ဘက်သို့ဦးဆောင်ကာ လျှောက်ထွက်သွားသည်။

အနောက်မှ သားမွေးအတုအဖွဲ့မှာ အထောက်အပံ့ပစ္စည်းများကိုကိုင်ထားပြီး နောက်မှလိုက်ရန် ချီတုံချတုံ ဖြစ်နေသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now