/21/အဆက်၁

3.3K 570 47
                                    

🍁 Unicode 🍁

စုရွမ်ရွမ် နိုးလာတော့ သူမကို တစ်ယောက်ယောက်က ရစ်ပတ်ထားသလို ခံစားရတာကြောင့် သူမအံ့သြသွားသည်။

သူမခေါင်းစောင်းလိုက်တော့ သူမဘေးမှာ အိပ်ပျော်နေတဲ့ လုရှီမင်ကို တွေ့လိုက်ရ၏။

အိုး မနေ့ညက သူမ ထူးဆန်းတဲ့ မြွေကြီးတစ်ကောင်ရဲ့ ထောင်ချောက်ထဲမှာ ပိတ်မိသွားတယ်လို့ အိမ်မက်မက်တာ မဆန်းပါဘူးလေ။

စုရွမ်ရွမ် သည် သူမစောင်လေးကို ဆွဲယူလိုက်ကာ သူမကိုယ်သူမ တင်းတင်းကျပ်ကျပ် ရစ်ပတ်ဖို့ ကြိုးစားနေရင်း ရုတ်တရက် ရှာတွေ့သွားသည်က ... လုရှီမင်၊ သူ သူ ... ဘာအဝတ်စားမှ မဝတ်ထားဘူး။ သူ့ပေါ်မှာ အတွင်းခံ တစ်စုံတောင် ရှိမနေဘူး!

စုရွမ်ရွမ်:QAQ ၊ သူမက မသန့်ရှင်းတော့ဘူး!

"နိုးပြီလား?" အမျိုးသားရဲ့အသံက သူတစ်ယောက်တည်းသာပိုင်ဆိုင်တဲ့ ညို့ဓာတ်နဲ့အတူ အက်ရှရှ ဖြစ်နေသည်။

စုရွမ်ရွမ် တံတွေး ဂလုကနဲ မျိုချလိုက်ပြီး သူမကိုယ်သူမ စောင်ထဲမြှုပ်နေကာ သေးငယ်သော အသံဖြင့် ပြောလိုက်သည်။"ကျွန်မ အခုထိ မနိုးသေးဘူး"

"အိုး" အမျိုးသားက သူ့ကိုဆက်လက်ဖက်ထားပြီးသူ့ကိုယ်သူလည်း စောင်ခြုံလိုက်သည်။

စုရွမ်ရွမ်က တောင့်တောင့်ကြီးဖြစ်နေပြီး မနေ့ညက ဘာဖြစ်ခဲ့တယ်ဆိုတာ သတိရဖို့ အသည်းအသန် ကြိုးစားနေ၏။

ပထမဆုံးအနေနဲ့၊ သူမ လုရှီမင်နဲ့ လက်ခံနိုင်ဖွယ်မရှိသော အခြေအနေနဲ့ ရှိနေတာကို မေ့ထားလိုက်ပါ၏။

လုရှီမင်က သူမကို တိုက်ခိုက်ဖို့ သားရဲဆန်ဆန် ပြုမှုခဲ့တာဟု သံသယဖြစ်မိသည်။

Your mother! နောက်ဆုံးတော့ သူက သူမရဲ့ ကိုယ်ပိုင်အလှကို ပျက်စီးစေချင်တာလား?သူက ယောကျာ်းတွေကို ကြိုက်တာ မဟုတ်ဘူးလား? ယောက်ျားရော၊ မိန်းမရော ကြိုက်တာများလား?

စုရွမ်ရွမ်က လုရှီမင်၏ စိတ်အပြောင်းအလဲ ဖြစ်ခြင်းအား ဉာဏ်ရှိဟန်ရှိ အတွေးအခေါ်တစ်ခုဖြင့် စိတ်ကူးတွေးတောနေသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now