/4/

4.3K 630 3
                                    

🍁 Unicode 🍁

နောက်တစ်နေ့တွင် ကောင်းကင်၌ တိမ်တွေရှင်းလင်းနေပြီး ဝေးလံသော နေရာများတွင် ဇွန်ဘီတချို့ သိပ်သည်းစွာ ဟိုတစ်စု သည်တစ်စု ရှိနေသည်။

ကျန်းကျစ်ဟောင် နှင့်သွမ့်ကျန်း၊ သူတို့ပစ္စည်းများကို ထုတ်ပိုးပြီးနောက် နီးယန်နှင့်တစ်ခြားသူများနှင့်အတူ လမ်းပေါ်သို့သွားရန် အဆင်သင့် ဖြစ်နေသည်။

မည်သူမဆို စုရွမ်ရွမ် ပေါ်တွင်ထားရှိသော ကျန်းကျစ်ဟောင် ၏သဘောထားကိုမြင်နိုင်သည်။

စုရွမ်ရွမ်အား ချဉ်းကပ်ရန် ကျန်းကျစ်ဟောင် မျက်နှာချင်းဆိုင်စဉ်တွင် ၊လုရှီမင်မှာ အားနည်းတဲ့ ကြက်ပေါက်လေးတစ်ကောင်ဖြစ်နေပြီး စကားတစ်လုံးတောင်ပြောဖို့ မဝံ့ရဲပေ။ ကျန်းကျစ်ဟောင် အထင်သေးသော အပြုံး ပြုံးလိုက်ပြီး စုရွမ်ရွမ် ဘေးတွင်ထိုင်ကာ ပန်းဖြူလေး ကြောက်လန့်မသွားစေရန် အတက်နိုင်ဆုံး နူးညံ့သောလေသံဖြင့်စကားပြောရန် ကြိုးစားလိုက်သည်။

"ရွမ်ရွမ်၊ ဘာလုပ်နေတာလဲ?"

စုရွမ်ရွမ် ဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး လုရှီမင်မှာ နီးယန် နှင့်အတူ အခြေစိုက်စခန်းသို့သွားရန် လမ်းကြောင်းစီစဉ်နေသည်။မိန်းမငယ်လေးက သူမခေါင်းကိုနိမ့်ပြီး ကျန်းကျစ်ဟောင် အား သူမ၏ မျက်ဝန်းများဖြင့် မဝံ့မရဲကြည့်ကာ ဂရုတစိုက်ဖြင့် သေးငယ်သော ပုလင်းတစ်ခုအား ထုတ်ပြလာပြီး နူးညံ့သောလေသံဖြင့် ပြောလာသည်။ "ကျွန်မ စားနေတာ"

ကျန်းကျစ်ဟောင်က သူမ၏ အလှကိုငမ်းနေပြီး ဘာပုလင်းလဲဆိုတာကို မကြည့်ဘဲ ပြောလိုက်သည်။"မင်း ကိုယ့်ကို အစားအစာ နည်းနည်းလောက် ပေးနိုင်မလား"

"ရှင်ဗိုက်ဆာလို့လား"

စုရွမ်ရွမ် ကျန်းကျစ်ဟောင်အား သနားဂရုဏာသက်သော အကြည့်ဖြင့် ကြည့်နေသည်။

ကမ္ဘာကြီးအဆုံးသတ်၌ လူတိုင်းမှာ အ‌ေမြှာက်စာဇာတ်ကောင်ဖြစ်ပြီး ဘယ်သူအရင်သေလိမ့်မည်အား သူမ မသိပေ။

သူ အထင်မှားနေတာလားမသိပေမယ့် ဘာကြောင့် သူ့ရှေ့က အမျိုးသမီးက မနေ့ကထက် ပိုလှလာတယ်လို့ ထင်မိရတာလဲ။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now