/18/

3.6K 555 22
                                    

🍁 Unicode 🍁

"ရှင်တို့ ကျွန်မကို မယုံဘူးပဲ!"

စုရွမ်ရွမ် စိတ်ဆိုးစွာ ခြေစောင့်လိုက်သည်"ကျွန်မ သံသယရှိနေတဲ့ နံပါတ်(၃)ကို သွားမေးမယ်!"

နီးယန်က သူမကို မျက်စိစောင်း ကြည့်လိုက်ပြီး "တစ်ယောက်ယောက်က နင့်ကို အလွယ်တကူ ပြောပြပါ့မလား?နင်က ငတုံးလား?"

နံပါတ်(၁)၊ နံပါတ်(၂)နှင့် နံပါတ်(၃)တို့ကို ကုန်‌လှောင်ရုံ အကျဉ်းထောင်ထဲတွင် အတူ အချုပ်ချထားသည်။

နီးယန်နှင့် စုရွမ်ရွမ်တို့ တံခါးမှ ဝင်ရောက်ရောက်ချင်းပဲ ထိုလူသုံးယောက်မှာ ထောင့်နားသို့ အတူဆုတ်သွားပြီး သုံးယောက်အဖွဲ့ဖြစ်လာဖို့ ကြိုးစားနေသည်။

စုရွမ်ရွမ်က အလွန်တရာ ဂုဏ်ယူစွာဖြင့် နံပါတ်(၃)အား ရှာဖွေလိုက်ပြီး "ရှင် ပြော၊ ကျန်းကျစ်ဟောင်ကို ရှင်သတ်ခဲ့တာလား !"

"ကျွန်တော်..."နံပါတ် (၃) က ချက်ချင်းပဲ ပြန်လည်ချေပရန် သူ့ခေါင်းအားခါလိုက်သည်။

ထိုအချိန်၌ လုရှီမင်က ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လာပြီး သူက စုရွမ်ရွမ် နောက်တွင် ရပ်လိုက်သည်။ အမှောင်ထဲတွင် သူ့ရဲ့ နက်မှောင်သော မျက်လုံးများက ထူးဆန်းသော အလင်းရောင်လက်နေ၏။

နံပါတ်(၃)၏ မျက်လုံးများမှာ မဲနက် သွားပြီး သူ့မျက်လုံးများ မှေးမှိန်သွားကာ လူတစ်ယောက်လုံးက ဗလာသက်သက် ပြောလာသည် "ကျွန်တော်သတ်ခဲ့တာ"

နီးယန် :!!!ဒီကမ္ဘာပျက်ကပ်က ဒီလောက်တောင် စိတ် နှောက်သွားစေတာလား !

နံပါတ် (၃) က ကျန်းကျစ်ဟောင် ကို အမှန်တကယ်သတ်ခဲ့တယ်ဟု ဝင်ခံလာလိမ့်မယ်လို့ ဟိုပီ လုံးဝမမျှော်လင့်ထားပေ။

သူက  ချက်ချင်းပဲ နံပါတ် (၃) ကို ကုန်လှောင်ရုံ အကျဉ်းထောင်မှ သီးသန့် ခွဲထုတ်လိုက်သည်။

'ကလစ်'ဟု အသံမြည်သွားသည်။

ဟိုပီက စားပွဲနားမှာရပ်နေ၏။သူ့လက်ထဲတွင် တင်းတင်းကျပ်ကျပ် ကိုင်ထားတဲ့ ဖလက်ရှ်မီးရောင်က နံပါတ် (၃) ၏ မျက်နှာပေါ်တွင် တောက်ပနေ၏။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now