/7/

4K 610 88
                                    

🍁 Unicode 🍁

သူမရဲ့လည်ပင်းလေးကို ထပ်ဆွဲထားတာ ဘယ်သူလဲ။

အိုး အဲဒါသူရဲကောင်းဘဲ။ သူမ ဘာထပ်လုပ်နိုင်မှာလဲ။ဒါပေမယ့် သူ့ကို ခွင့်လွှင့်လိုက်ပါမယ်လေ။

အံ့သြလေးစားတဲ့အကြည့်နဲ့အတူ ထူးခြားတဲ့ လှုပ်ရှားမှုနဲ့တူတဲ့ ရွေလျားမှုတွေ စတင်ပြုလုပ်ကာ သူမရဲ့ဘေဘီလေးတွေကို ချေမှုန်းနေတဲ့ နီးယန်ကို စုရွမ်ရွမ် ကြည့်နေခဲ့သည်။

ဘ၀က ခက်ခဲလိုက်တာ...

___

ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းရှိတဲ့ စွမ်းအားရှင်များမှာ သာမန်လူ စွမ်းအားရှင်များထက်ပိုကောင်းသည်။

၀မ်းကန်မှာ မိန်းမစိုးတစ်ယောက်ဖြစ်လာသော်လည်း သူ့တွင်စွမ်းအားရှိနေဆဲဖြစ်သည်။

ထိုကဲ့သို့ဝေဖန်သုံးသပ်နေခိုက် ၊ ၀မ်းကန်မှာ ရှေ့တွင် ထွက်ပေါက်လမ်းတစ်ခုပွင့်ရန် ချက်ချင်း စတင်လှုပ်ရှားလိုက်သည် ။

သူက ရှေ့တွင်ပြေးနေသော ကိုယ်ပိုင်ကားတွေရဲ့ရှေ့ကိုတောင်ကျော်တက် မောင်းနင်သွားသည်။၀မ်းကန်၏လက်နက်ကိုင်ကားမှာကြီးမားလွန်းသောကြောင့် ရှေ့တွင်ရှိသော အတားအဆီးအားလုံးကို လှည်းကျဉ်းလုနီးပါးဖြစ်နေသည်။

စုရွမ်ရွမ်မှာ ကားပြတင်းပေါက်ဘေးတွင်နေနေပြီး သူမရှေ့ ပတ်ပတ်လည်ကိုကြည့်မြင်နေလေ၏။
"နီးယန် ငါတို့ရှေ့မှာ တောက်ပတာတစ်ခုခုရှိနေတယ်"

"သောက်ကျိုး.....နင့် ခေါင်းကိုနှိမ့်ထား!"သူမ၏ ကျိန်ဆဲခြင်း မပြီးဆုံးခင်မှာဘဲ နီးယန်းက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ကျယ်လောင် သော 'ဘန်း' ဆိုသောအသံနှင့်အတူ ကားရှေ့မှန် အစိတ်စိတ်အပိုင်းပိုင်းကွဲသွားသည်။နီးယန် သူမကိုယ်ပေါ်မှ မှန်ကွဲစများကို ခါချလိုက်သည်။ငတုံးမ ပန်းဖြူလေးရဲ့သတိပေးချက်မရှိလျှင် ယခုပစ်ချက်မှာ သူမမျက်နှာပေါ်သို့ကျလိမ့်မည်။"ခွေးကောင် ၀မ်းကန် ပစ်နေတာ"

'ဘန်း' ဆိုပြီး နောက်ထပ်ပစ်ချက်တစ်ခု ပေါ်လာသည်။

သူတို့၏ အင်အားကုန်ခမ်းပြီး ပေါက်ကွဲသွားသည်။ကားမှာ ပုံမှန်မဟုတ် စွာ စတင် ယိမ်းထိုးလာသည်။နီးယန်းခဏအေးခဲသွားပြီးနောက် အော်ဟစ်လိုက်သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now