/26/

3.6K 521 56
                                    

Unicode

နီးယန်က ရှေ့သို့တိုးလာတာ ဖန်မိုင်းရဲ့ သလင်းကျောက်အမြုတေကို သပ်သပ်ရပ်ရပ် တူးထုတ်လိုက်သည်။

သူမလက်ပေါ်က ရွဲရွဲစိုနေသော သွေးများနှင့် အတူ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်၏။ စေးကပ်ကပ် သွေးများနှင့်အတူ သူမလက်ဖဝါးထဲတွင် သူမတို့ကို သတ်လုနီးပါး ဖြစ်ခဲ့သော သလင်းကျောက်အမြုတေ ရှိနေ၏။

နီးယန်က တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး သူမလက်ဖဝါးမှာ တစ်ဆစ်ဆစ်နာကျင်လာရသည်။

သို့သော်လည်း ဒီနာကျင်မှုက အိမ်မက်ဆိုးထဲ သူမကြုံတွေ့ခဲ့ရတာတွေနဲ့ နှိုင်းစာလျှင် လုံးဝ မယှဉ်သာသေးပါလေ။

"သူမကို ကူညီချင်လား?"

သူမ ဆိုတာက ဖန်ပိုင်းကို ညွှန်းဆိုလိုက်တာပင်။

ရှောင်ယွီ ပြောလာ၏။"လူကြီးက ဘယ်လောက်ပဲ ဆိုးဆိုး၊ ကလေးက အပြစ်ကင်းတယ်လေ"

"ဟုတ်တယ်" ဟုပြောကာ နီးယန်က ခေါင်းညိတ်လိုက်သည်။

တစ်ယောက်မှ စကားထပ်မပြောကြတော့ပဲ အခန်းက ခဏလောက် အလွန်အမင်း တိတ်ဆိတ်သွား၏။

ရုတ်တရက် နီးယန်က ပါးစပ်ဖွင့်ကာ ဆိုလာသည်။ "ရှင်တို့တွေ အိမ်မက်,မက်ကြလား?"

မည်သူမှ ပြန်မဖြေကြ။ လူတိုင်းက အိမ်မက်အကြောင်း ထုတ်ဖော်မပြောချင်ပုံရသည်။

စုရွမ်ရွမ်ခေါင်းညိတ်လိုက်၏။ : ကျွန်မလည်း ဂုဏ်တက်သလို ခံစားရတယ်၊ နောင်တရပြီး လည်း နာကြည်းမိတယ်၊ ဒီလို အိမ်မက်ကောင်းက အိမ်မက်တစ်ခုလောက်ပဲလား?

နီးယန်က ဆက်ပြောလာ၏။"ငါတော့ အိမ်မက်ထဲမှာ ထာဝရ နှစ်မြုပ်သွားတော့မယ်ထင်နေတာ"

သူမ မျက်လွှာချလိုက်ပြီး သူမရဲ့မျက်နှာအမူအရာ အားဖုံးကွယ်လိုက်၏။

အဲ့ဒီအိမ်မက်ဆိုးက တကယ့်ကို ကြောက်ဖို့ကောင်းလှပါ၏။

တစ်ဖက်မှလည်း ဖန်မိုင်း၏ ထူးထူးခြားခြား အစွမ်းထက်ပြီး စိတ်ကူးကြည့်၍ မရနိုင်သော စွမ်းရည်ကို ထင်ဟပ်နေစေသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now