/39/

2.9K 420 17
                                    

Unicode

"အဆိပ်သင့်ကော်ဖီ" အဖြစ်အပျက်ပြီးနောက် အမျိုးသမီးရဲ့ မျက်နှာမှာ သိသိသာသာ ကို တောင့်တင်းလာလေသည်။

နီးယန်က နည်းနည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး လေထုကို သက်သာစေဖို့ ကြိုးစားလိုက်၏။"စုရွမ်ရွမ်၊ နင့်ရဲ့အဝတ်အစားကလည်း အရည်အသွေး မကောင်းလိုက်တာ"

သူမက နာမည်ကြီးတံဆိပ်ကို ဝတ်ထားတာပါ ဟု စုရွမ်ရွမ် ပြောလိုက်သည်။

နီးယန် ငေါက်လိုက်၏။" သူမက နင့်ကို အဆိပ်ခပ်ပါ့မလား။ သူမက ဒီလောက် တုံးအပါ့မလား။ ငါတို့ရှေ့တင် နင့်ကို အဆိပ်ခပ်မယ်ပေါ့"

နီးယန်သည် မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ အမျိုးသမီးကို လက်ညိုးတည့်တည့်ထိုးပြီး စုရွမ်ရွမ်ကို ငေါက်ငမ်းနေ၏။

တဖက်က အမျိုးသမီးရဲ့ မျက်နှာမှာ ပို၍ တောင့် တင်းလာတော့သည်။

မြင်ကွင်းက အလွန်ပင် ရှက်ဖွယ်လိလိ ဖြစ်နေ၏။

နီးယန်က တိတ်ဆိတ်စွာ သူမရှေ့က ကော်ဖီကို သွန်ပစ်လိုက်သည်။

အမျိုးသမီး: ...

အားလုံးမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အမျိုးသမီးက ခပ်တောင့်တောင့် ပြုံးပြီး ပြောလာသည်။"ကျွန်မ မျိုးရိုးနာမည်က ပိုင် ၊ နာမည်က ဟွမ် ပါ"

စုရွမ်ရွမ်: ကျွန်မက ရှင့်နာမည် ရွင့်ကွမ်လို့ ထင်ထားတာ။

ပိုင်ဟွမ်က သူမနောက်ကလေကြောင့် သူမဆံပင်ကို ထိုးတင်လိုက်တော့ လုရှီမင်နဲ့ ခုနှစ်ချက်ရှစ်ချက်လောက်တူတဲ့ မျက်နှာပေါ်လွင်လာသည်။

သို့သော်လည်း သူမက အေးစက်စက် နဲ့ တစ်ကိုယ်တည်း ဖြစ်နေတဲ့ လုရှီမင်ရဲ့ သဘောထားကိုတော့ မပြောင်းလဲနိုင်သည်မှာ ထင်ရှားပါသည်။

ဆန်ကျင်ဘက်အားဖြင့် တုပထားသည်ဟူသော ခံစားမှုတောင် ဖြစ်နေသေး၏။

ဒီမျက်နှာက တကယ့်ကို လှပပါသည်။သို့သော်လည်း ကြင်နာတတ်သော စိတ်သဘောထားကင်းမဲ့လို့နေပြီး ဘယ်လိုပင် တူညီကြပါစေ.. ထပ်တူကျမှာ မဟုတ်ပေ။အယောင်ဆောင်နှင့် တုပထားသည့်အလား နိမ့်ကျသော အရည်အသွေးကလည်း ပေါ်လွင်လို့နေသေးသည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now